International Sports: အင်္ဂလန်ပွဲတွင် အလှောင်ခံရသည့် ရွန်နေးဘက်မှ နည်းပြဆောက်ဂိတ် ကာကွယ်ပြောကြား

ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ရွန်နေးကို အင်္ဂလန်ပရိသတ်တွေ လှောင်ခဲ့ကြတာပါ။

play

 

မော်လ်တာအသင်းကို အင်္ဂလန်က ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်ရွန်နေးကို လှောင်ခဲ့ကြမှုဟာ မတရားဘူးလို့ လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။

play

 

အင်္ဂလန်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ရွန်နေးခြေစွမ်းမပြနိုင် ဖြစ်ခဲ့တဲ့အပေါ် အသင်းပရိသတ်တွေကိုယ်တိုင် ကွင်းထဲမှာ လှောင်ပြောင်အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲပြီးအချက်အလက်တွေအရ ရွန်နေးဟာ မော်လ်တာနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံတးစ်ချက်မှ မထိခဲ့ဘူးလို့ သိရပါတယ်။ ဒန်နီရယ်စတာရစ်ခ်ျ၊ ဒီးလ်အလီတို့ရဲ့ ဂိုးတွေနဲ့ အင်္ဂလန်က အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

" သူ့ကို ဒီအချိန်မှာ ဝေဖန်မှုတွေလုပ်နေတာ မတရားပါဘူး။ လက်ရွေးစင်ပွဲ အများဆုံးကစားထားသူ တစ်ဦးအနေနဲ့ ကျွန်တော်သူ့ကို ပွဲထုတ်ထားပါတယ်။ ကျွန်တော်တို့ အသင်းခေါင်းဆောင်ဟာ နိုင်ငံ့ဂုဏ်သိက္ခာအတွက် ကစားနေတာပါ" လို့ နည်းပြဆောက်ဂိတ်က ပွဲအပြီးမှာ ကာကွယ်ပြောကြားခဲ့ပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ