International Sports: လူစာရင်းမှ ချန်လှပ်ခံရသော်လည်း လက်ရွေးစင်ဘဝမှ အနားမယူချင်သေးဟု ရွန်နေးပြော

ယနေ့ကစားမယ့် ဆလိုဗေးနီးယားနဲ့ ပွဲစဉ် အင်္ဂလန်အသင်း လူစာရင်းမှာ ရွန်နေးချန်လှပ်ခံခဲ့ရပါတယ်။

play

 

အင်္ဂလန်အသင်း လူစာရင်းမှာ ချန်လှပ်ထားခံလိုက်ရပေမဲ့ လက်ရွေးစင်အဖြစ်က အနားယူလိုစိတ်မရှိဘူးလို့  အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နေးက ပြောကြားလိုက်ပါတယ်။

play

 

ယနေ့ည ဆလိုဗေးနီးယားမှာ ကစားမယ့် အင်္ဂလန်အသင်း ပွဲထွက်လူစာရင်းမှာ အသင်းခေါင်းဆောင်ရွန်နေးကို နည်းပြဆောက်ဂိတ်က ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က မော်လ်တာအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ရွန်နေးဟာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် ဒီပွဲမှာ အသင်းလူစာရင်းက ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်နဲ့ပွဲမတိုင်ခင်ကတည်းက ရွန်နေးဟာ ခြေစွမ်းကျဆင်းနေလို့ မန်ယူအသင်းမှာလည်း ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

အင်္ဂလန်အသင်း လူစာရင်းက ထုတ်ပယ်ခံရသည့်တိုင်အောင် လက်ရွေးစင်ဘောလုံးသမား ဘဝကတော့ အနားယူဖို့ ဆန္ဒမရှိသေးဘူးလို့ ရွန်နေးက ပြောပါတယ်။ စိတ်ပျက်စရာ လက်ရှိအခြေအနေကလည်း မိမိပြန်လာနိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း အသင်းခေါင်းဆောင်က ဆိုပါတယ်။

play

 

" ဒါကျွန်တော်ဖြတ်သန်းရမယ့် အခြေအနေပါ။ ဒါကို ဖြေရှင်နိုင်စွမ်း ရှီပါတယ်။ ကျွန်တော်ပြန်လာမှာပါ။ ကျွန်တော့်အသက်က သုံးဆယ်ပဲ ရှိပါသေးတယ်" လို့ ရွန်နေးက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ