International Sports: ငြိမ်းချမ်းရေး ရန်ပုံငွေ ဘောလုံးပွဲမှာ ရန်ဖြစ်ခဲ့တဲ့ မာရာဒိုနာ

ငြိမ်းချမ်းရေးဘောလုံးပွဲမှာ ဂန္တဝင်ဘောလုံးသမား မာရာဒိုနာနဲ့ ဗီရွန်တို့ ရန်ဖြစ်ခဲ့ကြပါတယ်။

play

ကမ္ဘာ့ဘောလုံးလောကရဲ့ဂန္တဝင်ကစားသမားတွေ ပါဝင်ကစားခဲ့ကြတဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေပွဲမှာ မာရာဒိုနာနဲ့ ဗီရွန်တို့ ရန်ဖြစ်ခဲ့ကြကြောင်းသိရပါတယ်။

play

 

အာဂျင်တီးနား နိုင်ငံသား အချင်းချင်းဖြစ်ပေမဲ့ မာရာဒိုနာနဲ့ ဗီရွန်ဟာ အရင်ကလည်း မတည့်ကြဘူးလို့ နာမည်ကြီးပါတယ်။ အခုကစားခဲ့တဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေပွဲမှာတော့ သူတို့နှစ်ဦးက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကြောင့်ဖြစ်လာတဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေ ဘောလုံးပွဲအတွင်း သူတို့နှစ်ဦး ဘောလုံးယှဉ်လုရာမှာ ပြဿနာအနည်းငယ်ဖြစ်ပွားခဲ့ပါသေးတယ်။

play

 

အဲဒီနောက် ပထမပိုင်းပြီးတဲ့အချိန်မှာ ဗီရွန်ဆီသွားပြီး ရန်လုပ်ဖို့ ကြိုးစားခဲ့တဲ့ မာရာဒိုနာကို လုံခြုံရေးဝန်ထမ်းတွေ ဝိုင်းဆွဲခဲ့ကြရပါတယ်။ ဘရာဇီးကစားသမားဟောင်း ကာဖူးတောင် မာရာဒိုနာကို ဖျောင်းဖြခဲ့ရပါသေးတယ်။ အဆိုပါပွဲစဉ်မှာ လာလီဂါ လက်ရွေးစင်အသင်းက ကမ္ဘာ့လက်ရွေးစင် အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ