International Sports: ကျပ်သိန်း သုံးထောင့်ခုနစ်ရာတန် လမ်ဘော်ဂီနီပြိုင်ကားနဲ့ အောင်ပွဲခံတဲ့ ရော်နယ်ဒို

ရီးရဲလ်ဘက်တစ်နဲ့ပွဲမှာ အနိုင်ရပြီးနောက် ရော်နယ်ဒိုက ပြိုင်ကားနဲ့အောင်ပွဲခံခဲ့တာပါ။

play

 

ရီးရဲလ်မက်ဒရစ် အသင်းက ရီးရဲလ်ဘက်တစ်အသင်းကို လာလီဂါ ပြိုင်ပွဲမှာ ၆-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ရော်နယ်ဒိုက သူပိုင်ဆိုင်တဲ့ လန်ဘော်ဂီနီဇိမ်ခံပြိုင်ကားကို ထုတ်ကြွားပြီး အောင်ပွဲခံလိုက်ပါတယ်။

ရီးရဲလ်ဘက်တစ်နဲ့ပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် နောက်ဆုံးဂိုးသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ လေးပွဲဆက်တိုက်သရေကျခဲ့ပြီးရလဒ်မကောင်း ဖြစ်နေတာကို အခုဂိုးပြတ်နိုင်ပွဲနဲ့ ချေဖျက်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ပိုင်ဆိုင်တဲ့ Lamborghini Aventador အမျိုးအစား ပြိုင်ကားဟာ စတာလင်ပေါင် နှစ်သိန်းခြောက်သောင်း (မြန်မာငွေ သိန်း ၃၇၀၀ ခန့်) တန်ကြေးရှိတဲ့ ဇိမ်ခံ ပြိုင်ကားဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုက သူ့ရဲ့ လမ်ဘော်ဂီနီကားနံဘေးမှာ မတ်တပ်ရပ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်း ဥရောပချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ ရော်နယ်ဒို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ ဇိမ်ခံကား ဝယ်စီးလိုက်တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ