International Sports: ရီးရဲလ်မက်ဒရစ်နှင့် လီဂျီယာဝါဆော ချန်ပီယံလိဂ် ပွဲတွင် ပရိသတ်နှင့် ရဲများ အထိကရုဏ်းဖြစ်

စပိန်ကို ရောက်လာတဲ့ လီဂျီယာဝါဆော ပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့ အထိကရုဏ်း ဖြစ်ခဲ့ပါတယ်။

play

 

အင်္ဂါနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မစခင်မှာ လီဂျီယာဝါဆော ပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့ အထိကရုဏ်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စပိန်မြို့တော် မက်ဒရစ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ ဧည့်သည်အသင်း ပရိသတ်တွေ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

play

 

အင်တာနက်ပေါ် ရောက်လာတဲ့ ဗီဒီယိုဖိုင်အရ ပရိသတ်အချို့ဟာ ရဲတပ်ဖွဲ့ သုံးဦးခန့်ကို ထိုးကြိတ်နေခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေ ထိုးကြိတ်ကန်ကျောက်မှု ခံနေရတဲ့ရဲတွေကို အခြားရဲတွေက ကူညီပေးဖို့ ကြိုစားခဲ့ရတာကိုလည်း တွေ့ရပါတယ်။ ပိုလန်အသင်း လီဂျီယာဝါဆောဟာ အဲဒီနေ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

play

 

အသင်းပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ အစပိုင်းမှာ ပထမတော့ ပရိသတ်ဘက်က အင်အားများလို့ အသာရခဲ့ပေမဲ့ နောက်ပိုင်းမှာ မြင်းစီးတွေ၊ ရဲတွေ ရောက်လာပြီးနောက်ပိုင်း ပရိသတ်တွေကို လူစုခွဲနိုင်ခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ရပ်အရ လီဂျီယာဝါဆောပရိသတ် သုံးဦးကို ဘားတစ်ခုမှာ စားပွဲထိုးရဲ့ ဖုန်းကို ခိုးယူခဲ့မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

Source : The Sun 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ