International Sports: လူမှုကွန်ရက်တွင် တင်မိသည့် ဓာတ်ပုံကြောင့် ရော်နယ်ဒို ဝေဖန်ခံရ

အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်မှာ ဒီဓာတ်ပုံအကြောင်း ဝေဖန်မှု မြင့်တက်နေပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်အားကစားသမား ရော်နယ်ဒိုဟာ လူမှုကွန်ရက်မှာ တင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

play

 

ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ် ထားရာ ဘုရားရုပ်တုအနီး ခြေထောက်တင်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ဝေဖန်ခံနေရတာပါ။ ရော်နယ်ဒိုရဲ့ ခြံဝန်းထဲမှာ ဗုဒ္ဓဘုရား ရုပ်တုကို ထုလုပ်ထားရှိထားပုံ ရပါတယ်။

ဒီဓာတ်ပုံကို တင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ နိုင်ငံပေါင်းစုံက ပရိသတ်အများအပြားဟာ ဓာတ်ပုံအောက်မှာ ရော်နယ်ဒိုရဲ့ အပြုအမူကို ဝေဖန်ထားကြပါတယ်။ အချို့က ဓာတ်ပုံအကြောင်းဘာမှ မှတ်ချက်မပေးပေမဲ့ အချို့ကတော့ ရော်နယ်ဒိုဟာ လေးစားမှု မရှိကြောင်း၊ ဒီလုပ်ရပ်ဟာ ရှက်ဖွယ်ဖြစ်ကြောင်း မှတ်ချက်ပေးကြပါတယ်။

play
ဓာတ်ပုံကို ဝေဖန်ထားသူအချို့၏ မှတ်ချက်များ

 

" ခင်ဗျားက ကျွန်တော်ကြိုက်တဲ့ ကစားသမားဖြစ်ပေမဲ့ ဒီလုပ်ရပ်ကတော့ မလေးစားရာ ရောက်တယ်" လို့ kavi.23 ဆိုသူ အကောင့်ပိုင်ရှင်က အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ သုံးနာရီအတွင်းမှာ ဒီဓာတ်ပုံကို မှတ်ချက်ပေးသူပေါင်း ကိုးထောင်ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံကို အောက်ပါ Link မှာသွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံကြည့်ရန်

ှSource : Cristiano Ronaldo Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ