play

 

၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ပဏာမကစားသမား ဆန်ခါတင် ရွေးချယ်ရာမှာ ရော်နယ်ဒို၊ မက်ဆီတို့အပြင် လက်စတာကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြဂိုးတွေ အမြဲသွင်းခဲ့ကြတဲ့ လက်စတာတိုက်စစ်မှူး ဗာဒီနဲ့ မာရက်ဇ်တို့ဟာ ပထမအဆင့် ဆန်ခါတင် အယောက် ၃၀ စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ရော်နယ်ဒိုအပြင် ဂါရက်ဘေးလ်လည်း ပါဝင်လာခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဘက်က မက်ဆီ၊ နေမာ၊ ဆွာရက်ဇ် သုံးဦးလုံး ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ နိုင်ငံအလိုက် ကစားသမား ပါဝင်မှုမှာတော့ ပြင်သစ်က ကစားသမား လေးဦးပါဝင်ခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီက ဘောလုံးသမား သုံးဦးဆီ ဒီပမာဏ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

play

play

 

ပရီးမီးယားလိဂ်က ဝက်စ်ဟမ်းကစားသမား ပေယက်လည်း ဒီစာရင်းမှာ ပါဝင်ခဲ့ပြီး မန်စီးတီးက ဒီဘရိုင်း၊ အဂူရိုတို့ ပါခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video