International Sports: ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လာမယ့် ဒေးဗစ်ဘက်ခမ်း

အသင်းသံတမန်အဖြစ် ပြန်လာမှာပါ။

play

 

ဒေးဗစ်ဘက်ခမ်းဟာ အသင်းသံတမန်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ပြန်လာမယ်လို့ စပိန်နိုင်ငံက သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဆန်ဒီရေးဂိုးဘန်နဗြူးအားကစားကွင်းမှာ ကစားသမားတစ်ဦးအဖြစ် လေးနှစ်တာ အချိန်ကုန်ဆုံးခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းအနေနဲ့ အသင်းဟောင်းရဲ့ ဂုဏ်သိက္ခာကို အမေရိကမှာ တည်ဆောက်ပေးဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းက လိုအပ်နေပါတယ်။

ဘရာဇီးရဲ့ နာမည်ကျော် ကစားဟောင်းနှစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရော်ဘက်တိုကာလိုစ်တို့ဟာ ဒီနှစ်အစောပိုင်းမှာ သံတမန်များအဖြစ် ပြန်လည်ဝင်ရောက်လာပြီးတဲ့နောက် အခု ဘက်ခမ်းကလည်း ပြန်လာတော့မှာ ဖြစ်ပါတယ်။

play

 

အလယ်တန်းကစားသမား ဒေးဗစ်ဘက်ခမ်းဟာ ၂၀၀၃ ခုနှစ် ဇွန်လမှာ ပေါင် ၂၄.၅ သန်း အပေးအယူနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်ကို ပြောင်းလာခဲ့တာပါ။

ဘက်ခမ်းဟာ ၂၀၀၇ ခုနှစ် နွေရာသီမှာ နာမည်ကြီး အမေရိကန်ဘောလုံးအသင်း LA Galaxy ကို မသွားခင် သူ့ရဲ့နောက်ဆုံးရာသီကစားပွဲမှာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါဆုရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ဘက်ခမ်းရဲ့ ရီရဲလ်မက်ဒရစ်ကစားဖော်ဟောင်း ဇီဒန်းက အခု ရီရဲမက်ဒရစ်မှာ နည်းပြချုပ်ဖြစ်နေပါပြီ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ