International Sports: အဝေးကွင်းမှာ တစ်ယောက်တည်း လိုက်အားပေးတဲ့ ပရိသတ်နဲ့အတူအောင်ပွဲခံတဲ့ ဘောလုံးအသင်း

တစ်ကွင်းလုံးမှာ သူတို့အသင်းကို အားပေးမယ့် ပရိသတ်က တစ်ဦးတည်းရှိခဲ့တာပါ။

play

 

ဆွီဒင်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဂျီဖယ်လ်အသင်းဟာအဝေးကွင်း သွားကစားရတဲ့ပွဲစဉ်မှာ လိုက်အားပေးတဲ့ ပရိသတ် တစ်ယောက်သာရှိခဲ့ပေမယ့် ပွဲအပြီးမှာ အဲဒီပရိသတ် တစ်ဦးတည်းနဲ့ အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

ဂျီဖယ်လ်အသင်း သမိုင်းမှာတော့ အသင်းအတွက် မမေ့နိုင်စရာ အမာခံ ပရိသတ်တစ်ဦး ရရှိသွားပြီဖြစ်ပါတယ်။ ဒီရာသီ ဆီဒင်ဘောလုံးအမှတ်ပေးပြိုင်ပွဲမှာ ဂျီဖယ်လ်အသင်းက ရှစ်ပွဲကစားပြီးနောက် တစ်ပွဲမှ မနိုင်သေးပဲ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဂျီဖယ်လ်အသင်းဟာ ပြိုင်ဘက် ခယ်လ်မာအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရဖို့ ပွဲစဉ်ကျလာခဲ့ပါပတယ်။

play

 

အဲဒီပွဲစဉ်ဟာ ဂျီဖယ်လ်အသင်းအတွက် ကီလိုမီတာ တစ်ထောင်ကျော်(မိုင်းပေါင်း ၆၀၀) ကျော်ဝေးကွာတဲ့ အရပ်မှာ သွားကစားရမှာ ဖြစ်ပါတယ်။ အသင်းရလဒ်မကောင်းတဲ့အချိန်မှာ ဒီလောက်ဝေးတဲ့ခရီးစဉ်ကို လိုက်ပါအားပေးမယ့် ပရိသတ်မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အဲဒီပွဲစဉ်ကို ပရိသတ်တစ်ဦးက ထူးထူးခြားခြား လိုက်ပါလာခဲ့ပါတယ်။

ဧည်သည့်မယ်လ်မိုအသင်း ပရိသတ်တွေထိုင်ရမယ့် နေရာမှာ အဆိုပါပရိသတ်တစ်ဦး တည်းသာ ရှိခဲ့ပါတယ်။ ထူးထူးခြားခြားပဲ အဲဒီပွဲစဉ်မှာ ဂျီဖယ်လ်အသင်းက တစ်လုံးတည်းသောဂိုးနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ပွဲအပြီးမှာ ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ တစ်ဦးတည်းသော ပရိသတ်ကို မျက်နှာမူပြီး ဂျီဖယ်လ်အသင်း ပရိသတ်တွေ ဦးညွတ်အောင်ပွဲခံခဲ့ကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ