International Sports: ဒီဘရိုင်းရဲ့ ဖရီးကစ်နဲ့ မန်စီးတီး ဘာစီလိုနာကို အနိုင်ရ

ဘာစီလိုနာ ရှုံးပွဲတွေ့ပေမဲ့ မက်ဆီက စံချိန်တင်နိုင်ခဲ့ပါသေးတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ မှာ မန်စီးတီးအသင်းက ဘာစီလိုနာကို အနိုင်ကစားခဲ့ပြီး ပထမအကျော့ ရှုံးကြွေးဆပ်လိုက်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း အိမ်ကွင်းမှာ ဘာစီလိုနာက ဦးဆောင်ဂိုး အရင်ရခဲ့တာပါ။

အရှေ့ပိုင်းပွဲစဉ်တွေမှာ ရမှတ်တွေဆုံးရှုံးထားတဲ့အတွက် မန်စီးတီးအသင်းဟာ ဘာစီလိုနာကိုဒီပွဲမှာ အနိုင်ရဖို့ အိမ်ကွင်းအားသာချက်ယူပြီးဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၂၁ မိနစ်မှာ ဘာစီလိုနာအသင်းရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်ကိုမထိန်းနိုင်ခဲ့ဘဲ မန်စီးတီးဦးဆောင်ဂိုး အရင်ပေးလိုက်ရတာဖြစ်ပါတယ်။

play

 

အဂူရိုရဲ့ကန်ချက်ကိုမာရှေယာနို တားဆီးနိုင်ခဲ့ရာကတစ်ဆင့် မက်ဆီနဲ့နေမာ ဘောလုံးအပေးအယူလုပ်ကာ မက်ဆီက ဘယ်ခြေနဲ့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့်မန်စီးတီးဟာ နှစ်ပွဲအတွင်း ဘာစီလိုနာကို ငါးဂိုးအထိ ပေးခဲ့ရပါတယ်။

play

 

နောက်ပိုင်းမှာ ဘာစီလိုနာကစားသမား အမ်တီတီ စတာလင်ကို ဥပဒေပက ကစားပေမဲ့ ပင်နယ်တီပေးဖို့ မန်စီးတီး ငြင်းဆိုခံခဲ့ရပါတယ်။

play
play

 

၃၉ မိနစ်မှာတော့ လိုအပ်တဲ့ ချေပဂိုးကို မန်စီးတီးရရှိသွားပြီး ဘာစီလိုနာ နောက်တန်လူပေးမှားရာကတစ်ဆင့် ဂန်ဒိုဂန်ကသွင်းယူနိုင်ခဲ့တာပါ။

play

 

၅၁ မိနစ်မှာ အလွတ်တည်ကန်ဘောကတစ်ဆင့် မန်စီးအတွက်ဦးဆောင်ဂိုးကို ဒီဘရိုင်းက သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဒီဂိုးဟာ မန်စီးတီးနဲ့ ဘာစီလိုနာ ခြောက်ကြိမ်တွေ့ဆုံမှုအတွင်း မန်စီးတီးအတွက် ပထမဆုံးနိုင်ပွဲကို ရစေတဲ့ ဂိုးလည်းဖြစ်ပါတယ်။

play

၇၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ဆေးလ်ဗား ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်း၊ အဂူရိုတို့ အပေးအယူလုပ်ကာ ကန်လိုက်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂန်ဒိုဂန်က ထပ်ပိတ်သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့်မန်စီးတီးအသင်း အုပ်စုပထမမဖြစ်ခဲ့ပေမဲ့ ဘာစီလိုနာနဲ့ နှစ်မှတ်အကွာ ၇ မှတ်ရတဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု များများစားစား မလုပ်နိုင်ခဲ့ဘဲ မက်ဆီကတော့ ဒီပွဲဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ် ၁၄ ပွဲမှာ ၁၆ ဂိုးသွင်းနိုင်တဲ့စံချိန် ရခဲ့ပါတယ်။

Source : Daily Mail/ flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ