International Sports: နှစ်ဂိုးပေးပြီးမှ သုံးဂိုး ပြန်သွင်းနိုင်ခဲ့လို့ အာဆင်နယ် ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်

ပွဲပြီးခါနီးမှာ အိုဇေးက အနိုင်ဂိုးသွင်းနိုင်ခဲ့တာပါ။

play

 

လူဒိုဂိုရက်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့အာဆင်နယ်က နှစ်ဂိုအရင်ပေးခဲ့ရပေမဲ့ နောက်မှ လိုက်သွင်းတဲ့ ဂိုးတွေကြောင့် နိုင်ပွဲရပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်က တက်လှမ်းဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

play

 

ပွဲစပြီး ၁၂ မိနစ်မှာတင် အလွတ်တည်ကန်ဘောကတစ်ဆင့် ကျလာတဲ့ဘောလုံးကို လူဒိုဂိုရက်စ် ကစားသမားဂျိုနသန်က ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။ ကန်တင်ပေးမှုနဲ့ ပိတ်သွင်းယူမှု တိကျခဲ့လို့ အာဆင်နယ်နောက်တန်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

play

 

နောက်ထပ် သုံးမိနစ်အကြာမှာ လူဒိုဂိုရက်စ် နောက်ထပ်ဂိုးတစ်ဂိုး ထပ်ရခဲ့ပါတယ်။ ဂျိုနသန်ရဲ့ အလိမ်အခေါက်တွေကို အာဆင်နယ်နောက်တန်း ခံစားခဲ့ရပြီး ဂျိုနသန်ရဲ့ပေးပို့မှုကို ခက်ဆရူးက အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ ဒီဂိုးသွင်းပြီးနောက် လူဒိုဂိုရက်စ်က အုပ်စုပထမနေရာ ရခဲ့ပြီလို့ ထင်ခဲ့ရပါတယ်။

play

 

ဒါပေမဲ့ ပွဲချိန် ၂၀ မိနစ်မှာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးပြန်ရသွားပါတယ်။ ဆန်းချက်ဇ်ကို ဂျီရုဒ်ကို ပေးတဲ့ဘောလုံး ဂျီရုဒ်မထိန်းနိုင်ဘဲ ထွက်လာရာမှာ ရှာခါက အလိုက်သင့်ပိတ်သွင်းယူလိုက်တာပါ။

play

 

၄၁ မိနစ်မှာ အာဆင်နယ်အတွက် အရေးပါတဲ့ ဒုတိယဂိုးပြန်ရပြန်ပါတယ်။ ရမ်ဆေးရဲ့ဖြတ်တင်ဘောကို ဂျီရုဒ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ အာဆင်နယ်ကစားသမားတွေ ကစားပုံကြမ်းခဲ့ပြီး အဝါကတ်ပြခံရတဲ့ ကစားသမား သုံးဦးအထိရှိခဲ့တာပါ။

play

 

အနိုင်ဂိုးကိုတော့ ၈၇ မိနစ်မှာ အိုဇေးက မထင်မှတ်ဘဲ သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကွင်းဘက်ခြမ်းက ဖြတ်တင်လိုက်တဲ့ ဘောလုံးဟာ ရှေ့မှာ ရှိနေတဲ့ အိုဇေးထံ ရောက်သွားခဲ့ပါတယ်။ အိုဇေးက ဂိုးသမားကိုသာမက နောက်ခံလူတွေကိုပါ လိမ်ခေါက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

play

 

အာဆင်နယ်က အုပ်စုအဆင့်က ကျော်လွန်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ဖို့သေချာသွားပြီဖြစ်သလို ပီအက်စ်ဂျီလည်း အာဆင်နယ်နဲ့ ရမှတ်တူ အုပ်စုတက်ဖို့ သေချာသွားခဲ့ပါပြီ။

တစ်ဖက်က ပွဲစဉ်တွေမှာတော့ ပီအက်စ်ဂျီလည်း အဝေးကွင်းမှာ နိုင်ပွဲရသလို ဘိုင်ယန်မြူးနစ်လည်း အနိုင်ရခဲ့ပါတယ်။  

Source : Flashscore/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ