International Sports: မန်စီးတီး ၃-၁ ဘာစီလိုနာ ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

ဂွါဒီယိုလာဟာ အိမ်ကွင်းရှုံးပွဲမရှိ စံချိန် ဆက်ထိန်းနိုင်ခဲ့ပါတယ်။

play

 

ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်းက ဘာစီလိုနာကို အနိုင်ရဖူးတယ်ဆိုတဲ့ စံချိန်တစ်ခုကိုတော့ ရခဲ့ပြီဖြစ်ပါတယ်။ ပထမအကျော့က လေးဂိုးပြတ်ရှုံးပွဲကို  မခုခံနိုင်ပေမဲ့ အရေးကြီးတဲ့ အနိုင်သုံးမှတ်ကိုတော့ ယူနိုင်ခဲ့ပါတယ်။

ဒီပွဲအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ကွင်းလယ်ဒိုင် စွမ်းဆောင်ရည်

play

 

ဒီပွဲတာဝန်ယူတဲ့ ကွင်းလယ်ဒိုင်ရဲ့အမှားအချို့ဟာ မန်စီးတီးပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ အမ်တီတီက စတာလင်ကို ပင်နယ်တီဧရိယာထဲမှာ သိသိသာသ ကျူးလွန်တာ ပင်နယ်တီမပေးခဲ့တဲ့အပြင် ကစားသမားကို အဝါကတ်ပြခဲ့ပါသေးတယ်။

၂။ ဘာစီလိုနာအကြောင်း သိနေခဲ့တဲ့  ဂွါဒီယိုလာ

play

 

ဂွါဒီယိုလာဟာ အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ယူဖို့ အားနည်းချက်ကို ရှာတွေ့ခဲ့ပါတယ်။ ရော်ဘတ်တိုရဲ့ ညာခြမ်းကို ဖိအားပေးခဲ့ရုံသာမက ဘာစီလိုနာကို ပုခုံးချင်းယှဉ်ပြီး ဖိအားပေးခဲ့လို့ လိုအပ်တဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။

၃။ အင်နီယေစတာ ဆုံးရှုံးမှု

play

 

အင်နီယေစတာကို ဆုံးရှုံးထားမှုဟာ ဘာစီလိုနာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်ဆိုတာ ဒီပွဲက သက်သေပြလိုက်ပါတယ်။ ကြီးမားတဲ့ ကွင်းလယ်လစ်ဟာမှုဟာ ရှုံးပွဲကိုတွေ့သွားစေတဲ့ အကြောင်းရင်းပါ။

၎။ အမှားများခဲ့တဲ့ မန်စီးတီးနောက်တန်း

play

 

မန်စီးတီး နောက်တန်းညာခြမ်းက အမှားများနေတယ်ဆိုတာ ဒီပွဲက သက်သေထပ်ပြသွားပါတယ်။ ပထမဂိုးဟာလည်း ညာနောက်ခြမ်းအမှားကြောင့် ပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာ မန်စီးတီးအသင်း ချေပဂိုးပေးရမလိုဖြစ်ခဲ့တာကလည်း မန်စီးတီးညာနောက်ခြမ်းရဲ့ အမှားကြောင့်ဖြစ်ပါတယ်။

၅။ ဒီဘရိုင်းရဲ့ စွမ်းရည်

play

 

မန်စီးတီးရဲ့ နိုင်ပွဲမှာ ဂန်ဒိုဂန်ရဲ့ချေပဂိုးကလည်း အရေးပါသလို ဒီဘရိုင်းရဲ့ ဦးဆောင်ဂိုးကလည်း ရေးပါခဲ့ပါတယ်။ ဒီဂိုးကြောင့် ဘာစီလိုနာဟာ ဂိုးရဖို့ တိုက်စစ်ကိုအလွန်အကျွံလိုက်ပါကစားရာကတစ်ဆင့် တန်ပြန်တိုက်စစ်ကတစ်ဆင့် အနိုင်ဂိုး ထပ်ပေးလိုက်ရတာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ