International Sports: မက်ဆီနှင့် မန်စီးတီး ကစားသမားတစ်ဦး ပွဲအပြီးတွင် ရန်ဖြစ်စကားများခဲ့

မက်ဆီရဲ့ပေါက်ကွဲမှုကို ထိန်းဖို့ အဂူရိုလည်း ဝင်ရောက်ဖြောင်းဖျခဲ့ရပါတယ်။

play

 

မန်စီးတီးအသင်းက ဘာစီလိုနာကို အနိုင်ရတဲ့ပွဲအပြီးမှာ အဝတ်လဲခန်းသွားရာ ဥမင်လိုဏ်ခေါင်းအတွင်း ရန်ပွဲဖြစ်ပွားခဲ့ပြီး မက်ဆီလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။

play

 

စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ မက်ဆီဟာ အမည်မဖော်ပြနိုင်တဲ့ မန်စီးတီးအသင်းကစားသမား တစ်ဦးနဲ့ အချင်းများ ခဲ့တာလို့ သိရပါတယ်။ ဘာစီလိုနာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မက်ဆီက မန်စီးတီး ကစားသမားတစ်ဦးကို " ငတုံးကောင်" လို့ အော်ဟစ်ခဲ့တာဖြစ်သလို မန်စီးတီအဝတ်လဲခန်းအထိ လိုက်သွားဖို့တောင် ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ မက်ဆီနဲ့ လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ အဂူရိုက မက်ဆီရဲ့ဒေါသပြေလျော့သွားဖို့ ဖြောင်းဖျပြောဆိုခဲ့ရတယ်လို့ နောက်ထပ် စပိန်သတင်းစာ မွန်ဒိုက ပြောပြခဲ့ပါတယ်။

play

 

မန်စီးတီးနဲ့ပွဲစဉ်မှာ မက်ဆီက အဖွင့်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ မန်စီးတီးဘက်က ဂန်ဒိုဂန်နဲ့ ဒီဘရိုင်းတို့ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာကြောင့် ဘာစီလိုနာ ရှုံးနိမ့်ခဲ့ရတာပါ။ အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ရပ်အရ နှစ်ဖက်ကစားသမားတွေ ကွင်းအတွင်းက ထွက်လာချိန်မှာ  မန်စီးတီး အသင်းကစားသမားတစ်ဦးက မက်ဆီကို တစ်စုံတစ်ရာ ပြောကြားခဲ့တာကြောင့် မက်ဆီဟာ ဒေါသထွက်ပြီး ပြန်လည်ဆဲရေးအော်ဟစ်မိခဲ့တာလို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ