International Sports: အကျီစားသန်တဲ့ ဆွာရက်ဇ်ကြောင့် စိတ်ပျက်ဒေါသ ထွက်ခဲ့ရတဲ့ နေမာ

, updated

လေ့ကျင့်ရေးကွင်းမှာ ဆွာရက်ဇ်က နေမာကို အနိုင်ကျင့်ခဲ့တာပါ။

play

 

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ အကျီစားသန်တဲ့ နောက်ပြောင်မှုကြောင့် အသင်းကစားဖော် နေမာဟာ တဒင်္ဂ ဒေါသပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင် မန်စီးတီးအိမ်ကွင်း အယ်တီဟက်မှာ အသင်းလေ့ကျင့်ရေးဆင်းနေခဲ့တာပါ။ ဘာစီလိုနာအသင်းမှာ မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့က အမြဲတတွဲတွဲ တွေ့ရလေ့ရှိတဲ့ ထုံးစံတိုင်း အခုလေ့ကျင့်ရေးကွင်းမှာလည်း သူတို့သုံးဦးကို အတူတကွ တွေ့ခဲ့ရပါတယ်။ ဖိနပ်ကြိုးပြေသွားတဲ့ နေမာက ဘောလုံးပေါ် ခြေထောက်တစ်ဖက်တင်ပြီး ဖိနပ်ကြိုးပြန်ချည်ဖို့ ကြိုးပမ်းနေခဲ့တာပါ။

play

 

ဒါပေမဲ့ နေမာအားပြုပြီး နင်းထားတဲ့ ဘောလုံးကို ဆွာရက်ဇ်က ကန်ပစ်လိုက်တဲ့အတွက် နေမာဟာ ဟန်ချက်ပျက်ပြီး ချော်လဲတော့မလိုဖြစ်သွားခဲ့တာပါ။ တစ်ပြိုင်တည်းမှာလည်း ဆွာရက်ဇ်ကို ဒေါသထွက်တဲ့အကြည့်နဲ့ ကြည့်ခဲ့တာ တွေ့ရပါတယ်။

မက်ဆီကတော့ သူတို့နှစ်ဦးအဖြစ်ကိုဘေးမှာ မတ်တပ်ရပ်ကြည့်နေခဲ့တာပါ။ နေမာဟာ နောက်တစ်ခါ ဖိနပ်ကြိုးချည်ဖို့လုပ်တော့ ဆွာရက်ဇ်နဲ့ ခပ်ဝေးဝေးမှာ သွားပြီး ကြိုးချည်ခဲ့တာတွေ့ရပါတယ်။ နေမာကတော့ ဆွာရက်ဇ်ရဲ့ အကျီစားသန်မှုကြောင့် စိတ်ပျက်နေတဲ့ပုံပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ