International Sports: မန်စီးတီးကို ရှုံးပြီးနောက် မက်ဆီ ရန်ဖြစ်ခဲ့ရသည့် အကြောင်းရင်း ထွက်ပေါ်လာ

မက်ဆီက မန်စီးတီး အဝတ်လဲခန်းရှေ့အထိသွားပြီး စိန်ခေါ်မှု ပြုလုပ်ခဲ့တာပါ။

play

 

မန်စီးတီးအသင်းနည်းပြအဖွဲ့ဝင် အာတီတာကြောင့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဘာစီလိုနာကစားသမား မက်ဆီနဲ့ မန်စီးတီး ကစားသမားတွေ အချင်းများခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

play

 

မန်စီးတီးက ဘာစီလိုနာအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ မက်ဆီနဲ့ မန်စီးတီးဘက်က ကစားသမားတစ်ချို့စကားများရန်ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဘယ်ကစားသမားနဲ့ အချင်းများခဲ့မှန်း မသိခဲ့ရတာပါ။ ပွဲအပြီး နှစ်ဖက်ကစားသမားတွေ အသင်းအဝတ်လဲခန်းကို ပြန်ကြတဲ့ လမ်းမှာ မန်စီးတီးနည်းပြအဖွဲ့ဝင် အာတီတာ အောင်ပွဲခံတာကို မက်ဆီက မကျေမနပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ " မင်းအောင်ပွဲခံချင်ရင်လည်း အဝတ်လဲခန်းရောက်မှ အောင်ပွဲခံ" ဆိုတဲ့စကားမျိုးကို မက်ဆီက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play

 

လက်ထောက်နည်းပြ အာတီတာဟာပွဲအပြီးမှာလည်း နည်းစနစ်ဧရိယာအတွင်း မန်စီးတီးကစားသမားတွေနဲ့ လက်ဝါးချင်းရိုက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ကွင်းထဲကအထွက် ဥမင်လှိုဏ်ခေါင်းအတွင်းမှာလည်း အာတီတာက မက်ဆီရဲ့ နံဘေးမှာ ကျယ်ကျယ်လောင်လောင်အော်ဟစ်အောင်ပွဲခံနေခဲ့တယ်လို့ သိရပါတယ်။

မက်ဆီက ဒီနားမှာ အောင်ပွဲလာမခံနဲ့လို့ ပြောလိုက်တဲ့အပြင် မန်စီးတီးရဲ့အဝတ်လဲခန်း ရှေ့အထိသွားရောက်ကာ " သောက်ရုးကောင်၊ ထွက်လာခဲ့၊ ပုန်းမနေနဲ့"လို့ အော်ဟစ်ခဲ့ကြောင်း သိရပါတယ်။ မက်ဆီနဲ့ အာဂျင်တီးနားလက်ရွေးစင် အသင်းဖော် အဂူရိုက ဝင်ပြီးဖြန်ဖြေခဲ့ရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ