International Sports: သုံးလကြာ မေ့မြောနေရာမှ ရော်နယ်ဒို ဂိုးသွင်းသံ ကြားသဖြင့် သတိပြန်ရလာသည့် ပရိသတ်နှင့် ရော်နယ်ဒိုတွေ့ဆုံ

တီဗွီကတစ်ဆင့် ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးသွင်းသံကြားတဲ့အခါ သတိပြန်ရလာသူဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ သုံးလကြာ သတိလစ်မေ့မြောနေပြီးနောက် ပြန်သတိရလာတဲ့ ကလေးငယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ အဆိုပါကလေးငယ်ဟာ သတိလစ်မေ့မြောနေခဲ့ပေမဲ့ သူအရမ်း အားကျတဲ့ ရော်နယ်ဒို ဟက်ထရစ်သွင်းခဲ့ကြောင်း ကြားလိုက်ရတဲ့အခါ မေ့မြောနေမှုကနေ ပြန်သတိရလာခဲ့တာလို့ ဆိုပါတယ်။

ဒေးဗစ်ပိုလာဇစ်လို့ ခေါ်တဲ့ အဆိုပါကလေးငယ်ဟာ ၂၀၁၃ ခုနှစ်တုန်းက စက်ဘီးစီးရင်းနဲ့ မတော်တဆမှုဖြစ်ကာ ၁၂ ပတ်ကြာလောက် တိုးတက်မှု ရှိမလာဘဲ သတိလစ်မေ့မြောနေခဲ့ပါတယ်။ အဲဒီနောက် ကုထုံးဆရာဝန်တွေက မိသားစုနဲ့ တိုင်ပင်ပြီးနောက် ဒေးဗစ်ကြိုက်နှစ်သက်တဲ့ အသံမျိုးတွေ သူ့ရဲ့နံဘေးမှာ ဖွင့်ပြဖို့ ပြောခဲ့ပါတယ်။

play

 

ဒေးဗစ်ဟာ ဘောလုံးပွဲ ဝါသနာပါသူဖြစ်တဲ့အပြင် ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်အတွင်း ပေါ်တူဂီနဲ့ ဆွီဒင်အသင်းတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဒေးဗစ်ကြားအောင် ဖွင့်ပြခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်အဲဒီပွဲမှာ ပေါ်တူဂီအသင်းက ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

ရော်နယ်ဒို ဟက်ထရစ်သွင်းလိုက်တဲ့ အသံကို ကြားပြီးနောက် ဒေးဗစ်ဟာ သတိပြန်လည်လာခဲ့တာလို့ သိရပါတယ်။

play

 

ရော်နယ်ဒိုဟာ ဒေးဗစ်ကို ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်ကစားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက အထူးဧည့်သည်အဖြစ် ဖိတ်ကြားခဲ့တာပါ။ အခုလည်း လီဂျီယာဝါဆောနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ရော်နယ်ဒိုက ဒေးဗစ်နဲ့တွေ့ဆုံခဲ့သေးတယ်လို့ သိရပါတယ်။

Source : SB Nation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ