International Sports: ပြိုင်ဘက် ကစားသမားကို တက်နင်းခဲ့သည်ဟု စွပ်စွဲခံနေရသည့် ရော်နယ်ဒို

လီဂျီယာဝါဆောလို အသင်းငယ်လို့ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ရော်နယ်ဒိုအပေါ် ဝေဖန်မှု မြင့်တက်လျက်ရှိပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားကို တက်နင်းခဲ့တယ်လို့ စွပ်စွဲခံနေရကြောင်း သိရပါတယ်။

play

 

ရော်နယ်ဒိုဟာ ပြိုင်ပွဲကစားနေစဉ်အတွင်းမှာ လီဂျီယာဝါဆော နောက်ခံကစားသမား ပက်ဇ်ဒန်ကို တက်နင်းခဲ့တာဖြစ်တယ်လို့ ကာတာလန်ဒေသခံ သတင်းစာတွေက ရေးသားဖော်ပြကြတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ နှစ်ဖက်အသင်းနဲ့ တာဝန်ရှိသူတွေက ဘာမှ မှတ်ချက်ပေးပြောကြားထားခြင်းမရှိသေးပါဘူး။ အဆိုပါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ဂါရက်ဘေးလ်က စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ တစ်ဖက် သုံးဂိုးစီ သရေကျခဲ့ရတာပါ။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဘက်က တိုက်စစ်ဆင်လာတဲ့အချိန်မှာ ရော်နယ်ဒိုရဲ့ ကန်ချက်ဂိုးပေါက်လွဲသွားပြီနောက် လီဂျီယာဝါဆောနောက်ခံလူကို တက်နင်းမိသလို ဖြစ်ခဲ့တာပါ။ အဲဒီအဖြစ်အပျက်ကြောင့် ရော်နယ်ဒိုကို လူမှုကွန်ရက်မှာ ဝေဖန်မှု မြင့်တက်လျက်ရှိပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ