International Sports: အဝေးကွင်းမှာ ရှုံးပွဲတွေ့ပြီး ယူရိုပါလိဂ် အုပ်စုနောက်တစ်ဆင့်တက်ဖို့ မရေမရာ ဖြစ်သွားတဲ့ မန်ယူ

အုပ်စုအဆင့်က လှည့်မပြန်ရဖို့ မန်ယူဟာ နောက်ပွဲစဉ်တွေ ရှုံးလို့ မရတော့ပါဘူး။

play

ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၄ မှာ မန်ယူအသင်းက ဖီနာဘာချီကို ရှုံးပွဲတွေ့ပြီးနောက် အုပ်စုနောက်တစ်ဆင့်တက်ဖို့မရေမရာ ဖြစ်သွားခဲ့ပါပြီ။

မန်ယူအသင်းပွဲထွက်လူစာရင်းမှာ ရွန်နေးပါဝင်လာခဲ့ပြီး တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်နဲ့မာရှယ်ကိုထား ကစားခဲ့ပါတယ်။ ပွဲစပြီး ၂ မိနစ်အကြာမှာတင် ဧည့်သည်မန်ယူက အိမ်ရှင်ဖီနာဘာချီကို အဖွင့်ဂိုး ပေးလိုက်ရပါတယ်။ မန်ယူခံစစ်ရဲ့ အမှားကြောင့် ပေးခဲ့ရတာမဟုတ်ဘဲ ဖီနာဘာချီကစားသမား မော်ဆာဆောရဲ့ကန်ချက် ကောင်းမွန်တိကျတဲ့အတွက် ပေးလိုက်ရတာဖြစ်ပါတယ်။

play

 

ဘယ်ခြမ်းက ဖြတင်လိုက်တဲ့ဘောလုံးကို မော်ဆာက နောက်ပြန်ကန်ချက်နဲ့ သွင်းယူလိုက်တာပါ။ ပွဲချိန် ၂၉ မိနစ်မှာပဲ ပေါ့ဂ်ဘာကို ဖီနာဘာချီကစားသမား အဖျက်ကြမ်းခဲ့လို့ ဒဏ်ရာရသွားခဲ့ပြီး အီဗရာဟီမိုဗစ်ခ်ျနဲ့ လူစားထိုးခဲ့ရပါတယ်။

play

 

အဲဒီအတွက် ရွန်နေးက ကွင်းလယ်ခံစစ်ကို ဆင်းကစားခဲ့ရတာပါ။ ပထမပိုင်းမှာ မန်ယူအသင်းက ဂိုးပေါက်တစ်ကြိမ်ပဲ တည့်ခဲ့တဲ့ အထိ တိုက်စစ်အားနည်းခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ မန်ယူအသင်းက ရှနိုက်ဒါလင်ကို ထုတ်ပြီး မာတာကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒါပေမဲ့ ၅၉ မိနစ်မှာ နောက်ထပ်တစ်ဂိုး ပေးလိုက်ရပြန်ပါတယ်။

play

 

ဖီနာဘာချီကစားသမား လန်းစ်က ၂၅ ကိုက်အကွာက ရလာတဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ပွဲချိန် ၈၉ မိနစ်မှာ မန်ယူမမျှော်လင့်ဘဲ တစ်ဂိုးပြန်ရခဲ့ပါတယ်။ ၂၅ ကိုက်အကွာက ရွန်နေးရဲ့ အားပြင်းတဲ့ ကန်ချက်ဟာ ဖီနာဘာချီနောက်တန်းနဲ့ ဂိုးသမား ဘာမှမတက်နိုင်ဘဲ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ှSource : Daily Mail/ flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ