International Sports: ဂိုးသမားကန်လိုက်သည့် ဘောလုံး တစ်ခါတည်း ဂိုးတန်းဝင်သဖြင့် ပြိုင်ဘက်ဂိုးသမား ဒဏ်ရိုက်ခံရ

တစ်ဖက်အသင်းက ဂိုးသမားကန်လိုက်တဲ့ဘောလုံးဟာ ဒီဘက်မှာ ဂိုးစည်းအပြင်ထွက်နေတဲ့ ဂိုးသမားကိုပါကျော်ပြီး ဂိုးတန်းဝင်ခဲ့တာပါ။

play

 

လူငယ်ဘောလုံးပြိုင်ပွဲမှာ ပြိုင်ဘက်အသင်း ဂိုးသမား ကန်လိုက်တဲ့ ဘောလုံးကို ဂိုးဝင်စေတဲ့အထိ ပေါ့ပေါ့ဆဆ ကစားခဲ့တဲ့ မြောက်ကိုရီးယား ဂိုးသမားကို တာဝန်ရှိသူတွေက  တစ်နှစ်ပွဲပယ်လိုက်ကြောင်း သိရပါတယ်။

play

 

အဆိုပါဂိုးသမားရဲ့ ပေါ့ဆမှုအတွက် တစ်နှစ်ပွဲကစားခွင့် ပိတ်တဲ့အပြင် ဒဏ်ငွေ ဒေါ်လာ တစ်ထောင်ခန့် ပေးဆောင်ဖို့လည်း အမိန့်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဥဇဘတ်ကစ္စတန်တို့ရဲ့ ယူ-၁၆ အာရှဘောလုံးပြိုင်ပွဲမှာ ဒီဖြစ်ရပ် ဖြစ်သွားခဲ့တာပါ။

play

 

ပြိုင်ဘက်ဂိုးသမား တစ်ခါတည်း ကန်တင်လိုက်တဲ့ဘောလုံးဟာ မြောက်ကိုရီးယားဂိုးဘက် ဘီးကုပ်စက်ဝိုင်းနားကို ကျလာခဲ့တာပါ။ အဲဒီအချိန်မှာ မြောက်ကိုရီးယား ဂိုးသမားက အရှေ့ထွက်နေခဲ့လို့ ဘောလုံးက သူ့အပေါ်က ကျော်သွားခဲ့ပါတယ်။ ဘောလုံးကိုပြန်လိုက်ဖမ်းခဲ့ပေမယ့် လမ်းမှာတင်ချော်လေနေခဲ့တာကြောင့် အခုလို ရယ်စရာအဖြစ်နဲ့ ကြုံခဲ့ရပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပေါ့ပေါ့ဆဆ ကစားတဲ့ ဘောလုံးသမားကို အပြစ်ပေးခဲ့တဲ့အပြင် နည်းကိုလည်း အဆိုပါရလဒ်အတွက် ဒဏ်ငွေဆောင်ခိုင်းခဲ့ပါတယ။် အဲဒီပွဲစဉ်မှာ မြောက်ကိုရီးယားက ဥဇဘတ်ကစ္စတန်ကို ၃-၁ ဂိုးနဲ့ ရှုံးသွားခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ