International Sports: မက်ဆီထက် အလိမ်အခေါက်ပိုကောင်းတယ်လို့ နာမည်ကျော်နေတဲ့ အမျိုးသမီးတိုက်စစ်မှူး

ဘာစီလိုနာ အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

play

 

ဘာစီလိုနာ အမျိုးသမီးအသင်းက တိုက်စစ်မှူး ဘာဘရာလက်တော ရဲ့အလိမ်အခေါက် စွမ်းဆောင်ရည်ဟာ မက်ဆီကိုတောင် ကောင်းကောင်းယှဉ်နိုင်တယ်လို့ နာမည်ကြီးနေပါတယ်။ အကြောင်းကတော့ အမျိုးသမီး စပိန်အမှတ်ပေး ပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမား ခြောက်ဦးကို လိမ်ခေါက်ပြီး ဂိုးသွင်းယူသွားခဲ့လို့ ဖြစ်ပါတယ်။

play

 

ဘာဘရာလက်တောဟာ ပြိုင်ဘက်ကစားသမားတွေ အဆင့်ဆင့်ပိတ်ဆို့မှုကို တစ်ဦးတည်း လိမ်ခေါက် ရုန်းထွက်ပြီး လဲကျသွားတဲ့အထိ ဖျက်ထုတ်ခံရတာကိုမှ ပြန်ထကာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာဘရာအတွက်တော့ တစ်သက်တာ အမှတ်ရနေစေမယ့်ဂိုးလို့ မီဒီယာတွေက ရေးသားထားကြပါတယ်။ စပိန်အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ဒီပို့တီပိုအသင်းနဲ့ တွေ့ဆုံစဉ် ဘာဘာရာက အခုလို ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးနားအရောက်မှာ ပြိုင်ဘက်ဖျက်ထုတ်မှုကြောင့် လဲကျသွားပေမယ့် ပြန်ထခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ သွင်းယူနိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ အမျိုးသားအသင်းသာ မက အမျိုးသမီးအသင်းမှာလည်း ဒီလိုအရည်အသွေးရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားကြောင်း သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ