International Sports: တိုက်စစ်မှူး ဗန်ပါစီ မျက်လုံးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိ

မျက်လုံးဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့ဘဲ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။

play

 

မန်ယူအသင်းကစားသမားဟောင်းဖြစ်တဲ့ တိုက်စစ်မှူး ဗန်ပါစီဟာ ဖီနာဘာချီအသင်းနဲ့ အက်ခီဆာအသင်းတို့ ပွဲစဉ်မှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

play

 

မျက်လုံးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတဲ့အတွက် ဗန်ပါစီဟာ ပွဲကို ဆက်မကစားနိုင်ခဲ့ဘဲ ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပါတယ်။ ပြိုင်ဘက်ကစားသမားရဲ့ လက်နဲ့ထိခိုက်မိပြီးနောက် ဗန်ပါစီရဲ့ မျက်လုံးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့တာပါ။ ဗြိတိန်မီဒီယာတွေကတော့ ဒီနေ့ပွဲမှာ ဗန်ပါစီရဲ့ ရခဲ့တဲ့ ဒဏ်ရာဟာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်စေဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ ရေးသားထားကြပါတယ်။

play

 

ဒဏ်ရာ ရရှိသွားတဲ့ ဘယ်ဘက်မျက်လုံးနားက သွေးတွေတောင်ထွက်လာခဲ့တာ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ ဗန်ပါစီရဲ့ ဖီနာဘာချီအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗန်ပါစီလည်း ဒဏ်ရာ မရခင်မှာ အဖွင့်ဂိုး သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဗန်ပါစီရဲ့ ဒဏ်ရာအခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေက လွန်မြောက်ခဲ့ပြီလို့ ကလပ်အသင်းဆရာဝန်က ပြောပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ