International Sports: မျက်မှန်တပ်လာတဲ့ ရော်နယ်ဒို ပရိသတ်များအတွက် ဟာသဖြစ်နေ

ရော်နယ်ဒိုရဲ့ ဖက်ရှင်က တစ်မျိုးဖြစ်သွားပြန်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့စာချုပ်သစ် ချုပ်တဲ့နေ့မှာ ရော်နယ်ဒိုဝတ်ဆင်လာတဲ့မျက်မှန်ကြောင့် ပရိသတ်အချို့က လူမှုကွန်ရက်မှာ နောင်ပြောင်လျက်ရှိပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုဟာ အသင်းနဲ့အတူ ၂၀၂၁ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

play

 

အချို့ပရိသတ်တွေကတော့ ရော်နယ်ဒိုတပ်လာတဲ့ မျက်မှန်ဟာ ဖရီကစ်ကန်တဲ့အခါ ဘောလုံးသွားနှုန်းနဲ့ အခြေအနေကို တွက်ချက်ပေးမယ့် နည်းပညာမျက်မှန်ဆိုပြီး နောင်ပြောင်ထားကြပါတယ်။ ဒီရာသီမှာ ရော်နယ်ဒို သိပ်ပြီး ခြေစွမ်းမပြနိုင်သေးတာကလည်း မျက်စိမှုန်နေလို့ဖြစ်မယ်ဆိုပြီး တွစ်တာမှာ ရေးသားထားကြပြန်ပါတယ်။

 

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ