International Sports: တက်တူးအဟောင်းကို ဖုံးလွှမ်းပြီး အသစ်ထပ်ထိုးလိုက်တဲ့ မက်ဆီ

မက်ဆီရဲ့ ဘယ်ခြေထောက်က တက်တူးအသစ် ဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘယ်ခြေတစ်ချောင်းကို ရရှိထားတယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။ အခု မက်ဆီက အဲဒီဘယ်ခြေထောက်ကို တက်တူးအသစ်ထိုးပြီး ပရိသတ်တွေထံ ပြသလိုက်ပါတယ်။

play

 

မက်ဆီက သူ့ရဲ့ဘယ်ဘက်ခြေထောက်မှာ အရင်ကတည်းက ဆေးမင်ကြောင် ထိုးထားခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အခု တက်တူးအဟောင်းကို တက်တူးအသစ်တွေနဲ့ ဖုံးကွယ်လိုက်တာဖြစ်ပါတယ်။ မက်ဆီရဲ့ တက်တူးအသစ်ဒီဇိုင်းအရ ခြေသလုံး တစ်ချောင်းလုံးနီးပါး ထူပိန်းနေတဲ့ အနက်ရောင်ဆေးတွေ ခြယ်ထားခဲ့ပါတယ်။ အပေါ်ဘက်မှာတော့ သူ့အမြဲတမ်း ဝတ်ဆင်လာတဲ့ ကျောနံပါတ် ၁၀ ဆိုတဲ့ စာလုံးကို ထွင်းထားပါတယ်။ နံပါတ် ၁၀ ကတော့ အရင်ကတည်းက ထိုးထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

play
play

 

မက်ဆီဟာ သားကြီးသီယာဂိုကို မွေးဖွားပြီးနောက်ပိုင်း သီယာဂိုရဲ့နာမည်နဲ့ လက်နှစ်ဖက်ပုံကို ရေးထိုးခဲ့ပါသေးတယ် အခုတက်တူးဒီဇိုင်းအသစ်မှာ နံပါတ် ၁၀ ၊ သားငယ်သီယာဂိုရဲ့ လက်နှစ်ဖက်နဲ့ နာမည် ဒါတွေကို ချန်ထားခဲ့ပြီး ကျန်တာအားလုံးကို ဖုံးကွယ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ