International Sports: မက်ဆီကို အရမ်းခင်ကြောင်း သက်သေပြလိုက်တဲ့ နေမာ

မက်ဆီနဲ့ နေမာက ဒီတစ်ပတ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြိုင်ဘက်တွေအဖြစ် တွေ့ကြရမှာပါ။

play

နေမာနဲ့ မက်ဆီတို့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ သံယောဇဉ် ဘယ်လောက်ခိုင်မာတယ်ဆိုတာကို ဓာတ်ပုံတစ်ပုံက သက်သေပြလို့နေရပါတယ်။

play

 

ဘရာဇီးအသင်း ကစားသမားနေမာဟာ ဒီတစ်ပတ်အတွင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကိုယ့်ကိုယ် ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည် ရင်ဆိုင်လာမယ့် မက်ဆီကို ကိုယ်ပိုင်လေယာဉ်နဲ့ ခေါ်သွားပေးခဲ့တာဖြစ်ပါတယ်။ နေမာရဲ့ ကိုယ်ပိုင်လေယာဉ်ပေါ်မှာ မက်ဆီနဲ့ မာရှေယာနိုတို့ လိုက်ပါလာခဲ့ကြပါတယ်။ မက်ဆီဦးဆောင်မယ့် အာဂျင်တီးနား အသင်းနဲ့ နေမာဦးဆောင်မယ့် ဘရာဇီးအသင်းက ဒီတစ်ပတ် ကြာသပတေးနေ့မှာ တွေ့ဆုံကြရမှာဖြစ်ပါတယ်။

play

 

ကိုယ့်ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့်သူကို နေမာက ကိုယ်ပိုင်လေယာဉ်နဲ့ လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအတွင်းမှာ ဘရာဇီးက ဦးဆောင်လျှက်ရှိပြီး အာဂျင်တီးနားကတော့ နိုင်ပွဲလိုအပ်လျှက်ရှိပါတယ်။

play

Source : The SUn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ