International Sports: မိမိ မြင်ဖူးသမျှထဲတွင် မန်ယူကစားသမား ရှဝိန်းစတိုင်ဂါ၏ ဇနီးက အလှဆုံးဟု ဒေါ်နယ်ထရန့် ဆိုခဲ့

ရှဝိန်းစတိုင်ဂါရဲ့ ဇနီးသည် တင်းနစ်ကစားသမား အီဗာနိုဗစ်ခ်ျအလှကို ထရန့် က ချီးကျူးခဲ့ဖူးတာပါ။

play

 

အမေရိကန် ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဒေါ်နယ်ထရန့်က မန်ယူအသင်း ကစားသမား ရှဝိန်းစတိုင်ဂါရဲ့ ဇနီးဖြစ်သူ အလှပေါ်မှာ ချီးကျူးပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။

play

 

မန်ယူအသင်း ကစားသမား ရှဝိန်းစတိုင်ဂါဟာ ထိပ်တန်း တင်းနစ်ကစားသမားအီဗာနိုစ်ခ်ျနဲ့ ချစ်ကြိုက်ပြီးနောက် လက်ထပ်ထားခဲ့တာဖြစ်ပါတယ်။  ဒေါ်နယ်ထရန့် သမ္မတရွေးကောက်ပွဲ မဝင်ခင် လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဒီမှတ်ချက်ကို ပေးဖူးခဲ့တာဖြစ်ပါတယ်။ ရှဝိန်းစတိုင်ဂါရဲ့ ဇနီးသည်ဖြစ်သူ အီဗာနိုဗစ်ခ်ျဟာ သူမြင်ဖူးသမျှထဲမှာ အလှဆုံး အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သမ္မတသစ် ဖြစ်တော့မယ့် ဒေါ်နယ်ထရန့်က ဆိုခဲ့တာပါ။

play

 

ဆားဘီးယား ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဒါဆစ်နဲ့ တွေ့ဆုံတဲ့ပွဲမှာ ထရန့်က အီဗန်နိုဗစ်ခ်ျကို မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ " ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှ အမျိုးသမီးတွေထဲ သူအလှဆုံးပဲ။ တကယ်ကို အလှဆုံးပဲ" လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

အဲဒီတုန်းက ဒေါ်နယ်ထရန့်ဟာ စီးပွားရေးကိစ္စတွေနဲ့ ဆားဘီးယားကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ