International Sports: ဘရာဇီး - အာဂျင်တီးနား ပွဲမကြည့်ခင် သိထားသင့်တဲ့ ထူးခြားချက်များ

အာဂျင်တီးနားအသင်းအတွက် အရေးကြီးတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ဖြစ်ပါတယ်။

play

 

ဘရာဇီးနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တောင်အမေရိကဇုန် ခြေစမ်းပွဲစဉ်ကို မနက်ဖြန်နံနက် အစောပိုင်းမှာ ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ဆိုရင် အာဂျင်တီးနားအသင်းအတွက် ဒီပွဲက အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။

ဘရာဇီးကလည်း ထိပ်ဆုံးက ဦးဆောင်နေတယ်ဆိုပေမဲ့ အမှတ်ထားနိုင်မှ စိတ်ချရမှာပါ။ ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ ထူးခြားချက်တွေရှိပါတယ်။

၁။ နေမာ - မက်ဆီ

play

 

မက်ဆီဟာ အာဂျင်တီးနားရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ။ နေမာကတော့ ၇၃ ပွဲ ကစားပြီးချိန်မှာ ၄၉ ဂိုး သွင်းယူထားပြီး ဂန္တဝင်ကစားသမားပီလီကို မီဖို့ ၂၈ ဂိုးလိုပါသေးတယ်။

play

 

 နေမာက အာဂျင်တီးနားနဲ့ ရင်ဆိုင်လာတဲ့ သက်တမ်းတစ်လျှောက် သုံးပွဲနိုင်၊ နှစ်ပွဲသရေ သုံးပွဲရှုံးဖူးပါတယ်။ မက်ဆီကတော့ ဘရာဇီးကို နှစ်ပွဲနိုင် တစ်ပွဲသရေ လေးပွဲရှုံးဖူးပါတယ်။

၂။ နည်းပြသစ်များ

နှစ်ဖက်အသင်းဟာ နည်းပြသစ်တွေကိုယ်စီနဲ့ပါ။ အာဂျင်တီးနားနည်းပြ ဘူဇွာနဲ့ ဘရာဇီးနည်းပြ တိုင်တီတို့ဟာ ခြေစစ်ပွဲ လေးပွဲစီသာ ကိုင်တွယ်ရပါသေးတယ်။ ဒီပွဲကတော့ နှစ်ယောက်လုံးအတွက် အခက်ဆုံးပွဲဖြစ်လာမှာပါ။

၃။ ထိပ်တိုက်တွေ့ဆုံမှု

play

 

ဘရာဇီးနဲ့ အာဂျင်တီးနားအသင်းဟာ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် တစ်ရာ ရှိထားပြီးပြီဖြစ်ပါတယ်။ ဘရာဇီးက ၃၉ ကြိမ်နိုင်ပြီး အာဂျင်တီးနားက ၃၇ ကြိမ်အနိုင်ရထားပါတယ်။ ၂၆ ကြိမ်ကတော့ သရေနဲ့သာ ပြီးဆုံးထားတာပါ။ စုစုပေါင်း တွေ့ဆုံမှုမှာ နှစ်သင်းလုံး ၁၅၉ ဂိုးစီ တူညီစွာ သွင်းထားနိုင်တာတွေ့ရပါတယ်။

၎။ ဆုဖလား

play

 

ဆုဖလားအောင်မြင်မှုမှာတော့ ဘရာဇီးက ပိုရထားပါတယ်။ ဘရာဇီးက  ကမ္ဘာ့ဖလား ငါးကြိမ်ရထားပြီး အာဂျင်တီးနားက ကမ္ဘာ့ဖလား နှစ်ကြိမ်သာရထားပါတယ်။ ကိုပါအမေရိကမှာတော့ အာဂျင်တီးနားက ပိုအောင်မြင်ပြီး ၁၄ ကြိမ်ချန်ပီယံဖြစ်ကာ ဘရာဇီးက ၈ ကြိမ်ချန်ပီယံဖြစ်ပါတယ် ။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ