International Sports: နေမာဦးဆောင်တဲ့ ဘရာဇီးက မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကို ဂိုးပြတ်အနိုင်ရ

ဘရာဇီးက ကမ္ဘာ့ခြေစစ်ပွဲအုပ်စုအတွင်းမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ယနေ့မနက် အစောပိုင်း ကစားခဲ့ကြတဲ့ တောင်အမေရိကန်ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးအသင်းက အာဂျင်တီးနားအသင်းကို ဂိုးပြတ်အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။ `

play

 

တိုက်စစ်မှာ အဂူရိုမပါတဲ့ အာဂျင်တီးနားအသင်းက ဘရာဇီးကို အဘက်ဘက်က မယှဉ်နိုင်ခဲ့သလို ဟီဂူအင်နဲ့ မက်ဆီတို့ကလည်း ဂိုးပေါက်ပျောက်ခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဒီပွဲမှာ သူ့အတွက် နိုင်ငံတကာ ဂိုး ၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တာတွေ့ရပါတယ်။

play

 

ပွဲချိန် ၂၄ မိနစ်မှာတင် ဖိလစ်ကော်တင်ညိုက အာဂျင်တီးနား ခံစစ် တစ်ချက်မှားသွားတာကို အခွင့်ကောင်းယူပြီး ဧရိယာထိပ်က လှမ်းကန်ခဲ့လို့ ဘရာဇီးအဖွင့်ဂိုး ရခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နိုင်ပွဲပျောက်တဲ့ လေးပွဲ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

play

 

ပထမပိုင်း ပြီးခါနီမှာ ဂါဘရီရယ် ကွင်းလယ်သာသာလောက်က ဆွဲပြေးလာတဲ့ဘောလုံးကို နေမာဆီ ထိုးပေးလိုက်ပြီးနောက် နေမာက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ပွဲချိန် ၂၂ မိနစ်မှာ ဘစ်ဂလီယာရဲ့ ကန်ချက် ကောင်းမွန်ပြီးဂိုးရနိုင်လောက်တဲ့ အခြေအနေဖြစ်ခဲ့ပေမဲ့ ဂိုးသမား မယုံနိုင်လောက်အောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

play

 

ပွဲချိန် ၅၈ မိနစ်မှာ ဂိုးစည်းကျော်ခါနီဘောလုံးကို သြဂတ်စ်တိုက ထိန်းပြီး ဂိုးရှေ့ပြန်အချပေးမှာ ပေါ်လင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားကတော့ ဒီပွဲမှာ ဂိုးကံခေတဲ့အပြင် ခံစစ်အမှားတွေကြောင့် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

Source : Goal/Flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ