International Sports: အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မက်ဆီကို မဲပေးခဲ့သည့် ပရိသတ်

, updated

ရွေးကောက်ပွဲမှာ ဒေုါ်နယ်ထရန့်နဲ့ ဟီလာရင်ကလင်တန်အစား မက်ဆီက သမ္မတမဲ လက်ခံရရှိခဲ့ပါတယ်။

play

 

ကမ္ဘာတစ်လွှား အံ့အားသင့်ခဲ့ကြရတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထန့်နဲ့ ဟီလာရီကလင်တန်အစား အမေရိကန် နိုင်ငံသား တစ်ဦးက ဘောလုံးသမားတစ်ဦးကို မဲပေးသွားခဲ့ကြောင်း သိရပါတယ်။

play

 

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပုံရသူတစ်ဦးဟာ နိုင်ဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ ထရန့်နဲ့ ကလင်တန်အစား မက်ဆီကိုသာ အမေရိကန်သမ္မတအဖြစ် မဲပေးသွားခဲ့တာဖြစ်ပါတယ်။ အိုဘားမားရဲ့ သမ္မတ သက်တမ်းကုန်ဆုံးပြီးနောက် ၄၅ ယောက်မြောက် သမ္မတဖြစ်မယ့် ပုဂ္ဂိုလ်ဟာ မက်ဆီသာဖြစ်သင့်တယ်လို့ ယူဆပြီး မဲစာရွက်ပေါ်မှာ မက်ဆီရဲ့နာမည်ကို ရေးသွားခဲ့တာဖြစ်ပါတယ်။

play

 

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် မဲနိုင်သွားပြီးနောက် မြို့ကြီးအချို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ထရန့်က ငါတို့ သမ္မတ မဟုတ်ဆိုတဲ့ ကြွေးကြော်သံတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီနောက် လူမှုကွန်ရက်ပေါ်မှာလည်း လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ အိုဘားမား ဇနီး မီရှဲအိုဘားမားကို ဝင်အရွေးခံဖို့ တွန်းအားပေးနေကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ