International Sports: ဘောလုံးပွဲမှာ ဒိုင်လူကြီးကို လက်ထပ်ခွင့် တောင်းလိုက်တဲ့ ဘောလုံးသမား

, updated

ဘောလုံးပွဲမစခင်မှာ ကစားသမားက ဒိုင်လူကြီးကို လက်ထပ်ခွင့် တောင်းခဲ့တာပါ။

play

 

ဆလိုဗက်ကီးယား အမှတ်ပေးဘောလုံးပြိုင်ပွဲက ဘောလုံးသမားတစ်ဦးဟာ ဘောလုံးပွဲ မစခင်မှာပဲ အဲဒီပွဲကို တာဝန်ယူမယ့် စည်းကြပ်ဒိုင်ကို လက်ထပ်ခွင့် တောင်းလိုက်ကြောင်း သိရပါတယ်။

play

 

ပရိသတ်တွေအပါအဝင် အဆိုပါဘောလုံးသမားရဲ့ အသင်းဖော်တွေကပါ ဒီကိစ္စကို ကြိုမသိထားခဲ့တာကြောင့် အားလုံးက အံ့အားသင့်ပြီး ဝမ်းသာပေးခဲ့ကြပါတယ်။ ဆလိုဗက်ကီးယား ဘောလုံးပြိုင်ပွဲ လိဂ်-၅ မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အက်ဖ်ကေနစ်ဇ်နာအသင်းက လူဘိုမီယာဆိုတဲ့ ကစားသမားဟာ  အကြောင်းတိုက်ဆိုင်စွာ သူကစားရမယ့်ပွဲမှာ သူ့ချစ်သူ ဒိုင်လူကြီးနဲ့ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာ သူ့ချစ်သူ တာဝန်ပေးခံရမှာကို ကြိုသတင်းရခဲ့တဲ့ လူဘိုမီယာဆိုက လက်ထပ်ခွင့်တောင်းဖို့ ကြိုပြင်ခဲ့တာဖြစ်ပါတယ်။

play

 

အဆိုပါပွဲကို ပွဲစဉ်ကို လာအားပေးခဲ့ကြတဲ့ ပရိသတ် ၄၀၀ ခန့်ကလည်း ဒီမြင်ကွင်းကိုကြည့်ပြီး လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။ လူဘိုမီယာက ပွဲမစခင် နှစ်ဖက်ကစားသမားတွေ နှုတ်ဆက်ပြီးနောက် သူ့ချစ်သူ စည်းကြပ်ဒိုင် လီပက်ကိုဗာရှေ့မှာ ဒူးတစ်ဖက်ထောက်ကာ လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီး ကွင်းလယ်ဒိုင် လီပက်ကိုဗာက ဒီဓာတ်ပုံကို လူမှုကွန်ရက်အကောင့်မှာ ပြန်တင်ခဲ့ပြီး " ကျွန်မဘဝရဲ့ အလှဆုံးနေ့ပါပဲ" လို့ ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ