International Sports: ဝင်ဘာလေက ဘောလုံးလူဆိုးများ၏ သွေးထွက်သံယို ရန်ပွဲ

အင်္ဂလန် ၃-၀ စကော့တလန် ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

ဝင်ဘာလေကွင်းမှာ ကစားခဲ့ကြတဲ့ အင်္ဂလန်နဲ့ စကော့တလန်အသင်းပွဲစဉ်မှာ နှစ်ဖက်အသင်းပရိသတ်အချို့ အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play

 

အင်္ဂလန်နဲ့ စကော့တလန် ကစားခဲ့တဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ အင်္ဂလန်က ၃-၀ ဂိုးနဲ့အနိုင်ရရှိသွားပါတယ်။ အဲဒီပွဲစဉ် ကစားနေစဉ် အချိန်အတွင်း အင်္ဂလန်အသင်းပရိသတ်တွေဘက် အခြမ်းက ပွဲကြည့်စင်မှာ ပရိသတ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းနဲ့ ဓာတ်ပံတွေအရ အင်္ဂလန်အသင်း ပရိသတ်တစ်ဦးဟာ မျက်နှာသွေးချင်းချင်းနီပြီး ဒဏ်ရာအကြီးအကျယ် ရခဲ့တာတွေ့ရပါတယ်။

play

 

ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားရာ နေရာကို ရဲတွေ အလျှင်အမြန်ရောက်ရှိလာပြီး ထိန်းသိမ်းနိုင်ခဲ့လို့ ရန်ပွဲဟာ ခပ်မြန်မြန်ပြီးဆုံးသွားခဲ့တာပါ။ အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်း အတွက် ဂိုးတွေကို စတာရစ်ခ်ျ၊ လယ်လာနာနဲ့ ကာဟေးလ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ