International Sports: အမေရိကန်နှင့် မက္ကဆီကိုဘောလုံးအသင်း ကစားသမားများ ပူးပေါင်းပြီး ဒေါ်နယ်ထရန့်ကို ဆန့်ကျင်

ဒေါ်နယ်ထရန့်က မက္ကဆီကိုနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ဖူးသူပါ။

play

 

ပြီးခဲ့တဲ သောကြာနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစမ်းပွဲစဉ်မတိုင်ခင်မှာ အမေရိကန်ဘောလုံးအသင်းနဲ့ မက္ကဆီကို ဘောလုံးအသင်း ပူးပေါင်းပြီး သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ်ထရန့်ကို ဆန့်ကျင်လိုက်ကြောင်း သိရပါတယ်။

play

 

နှစ်ဘောလုံးအသင်းဟာ ပွဲမစမီ ဓာတ်ပုံရိုက်ရာမှာ နှစ်သင်းခွဲပြီး ဓာတ်ပုံမရိုက်ပဲ ကစားသမားတွေအားလုံး ရောနှောရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ သမ္မတသစ်ဖြစ်လာတော့မယ် ဒေါ်နယ်ထရန့်ဟာ မက္ကဆီနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်ပြီး အမေရိကကို ဝင်ရောက်နေတဲ့အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး မက္ကဆီကို နိုင်ငံသားတွေဟာ မုဒိမ်းကောင်တွေ၊ လူသတ်သမားတွေ ဖြစ်တယ်လို့ ဝေဖန်ထားဖူးပါတယ်။ အမေရိကန်အသင်းနဲ့ မက္ကဆီကိုအသင်း ဒီလိုအတူတွဲပြီး ဓာတ်ပုံရိုက်တာဟာ ညီညွတ်ရေးတံတိုင်း သင်္ကေတကို ဖော်ညွှန်းတာဖြစ်တယ်လို့ မီဒီယာတွေက အဓိပ္ပါယ်ဖွင့် ရေးသားကြပါတယ်။

play

 

အဲဒီပွဲစဉ်အပြီးမှာ မက္ကဆီကိုအသင်းဘောလုံးသမားက တွစ်တာပေါ်မှာ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး စာတစ်ကြောင်း ရေးသားခဲ့ပါသေတးယ်။ " ငါတို့ကို တားဆီးနိုင်မယ့် တံတိုင်းဆိုတာ မရှိဘူး" လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ရေးသားဖော်ပြခဲ့တာပါ။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ