International Sports: အချစ်မှာ အရပ်က အဓိကမဟုတ်ဘူးဆိုတာ သက်သေပြလိုက်တဲ့ အေစီမီလန် ဂိုးသမား

ကောင်မလေးက ချစ်သူ ကောင်လေးရဲ့ ပုခုံးကိုတောင် မမှီနိုင်ဖြစ်နေပါတယ်။

play

 

အချစ်မှာ အရပ်အနိမ့်အမြင့်က အဓိက မကျဘူးဆိုတာကို အေစီမီလန်အသင်း လူငယ်ဂိုးသမား ဂျီယန်လူဂီဒွန်နာရွန်မာတို့ စုံတွဲက သက်သေပြလျှက်ရှိပါတယ်။

play

 

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂျီယန်လူဂီဟာ အေစီမီလန်အသင်းရဲ့ အနာဂတ်မှာ အဓိက ဂိုးသမားတစ်ဦး ဖြစ်လာမယ်လို့ထင်ကြေးပေးခံထားရသူပါ။ ၁၇ နှစ်ဆိုတဲ့ အရပ်အမောင်းနဲ့ မလိုက်ဘက်အောင် သူ့ရဲ့အရပ်က ခြောက်ပေငါးလက်မအထိ ရှိနေတာဖြစ်ပါတယ်။ ဂိုးသမားတွေရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ ဒီအရပ်အမောင်းကလည်းသူ့စွမ်းဆောင်ရည်ကို ပိုပြီး မြှင့်တင်ပေးလျှက် ရှိပါတယ်။ ဂျီယန်လူဂီက မီလန်မြို့ လမ်းမထက်မှာ သူ့ရဲ့ကောင်မလေးနဲ့ တွဲလျှောက်လာတဲ့ပုံတွေကို ဗြိတိန်သတင်းစာ အချို့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

play

 

ဂျီယန်လူဂီက အရပ်ခြောက်ပေငါးလက်မ ရှိပေမယ့် သူ့ရဲ့ကောင်မလေးကတော့ သာမန်မိန်းကလေးတွေလိုပဲ သာမန်အရပ်လောက်သာ ရှိသူဖြစ်နေပါတယ်။ ဒါကြောင့် ချစ်သူကောင်မလေးဟာ ဂျီယန်လူဂီရဲ့ ရင်ဘတ်ကိုတောင်အရပ်မီနိုင်ဖြစ်နေတာပါ။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ အချစ်ကတော့ အရပ်အမောင်းကြောင့် အတားအဆီး ဖြစ်ပုံမရပါဘူး။

play

 

နှစ်ဦးသား ကြင်ကြင်နာနာနဲ့ လမ်းလျှောက်သွားခဲ့ကြတာတွေ့ရပါတယ်။ ဂျီယန်လူဂီဟာ အီတလီဂိုးသမား ဘူဖွန်နေရာအစားထိုးမယ့်သူလို့ ထင်ကြေးပေးခံထားရသူ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ