International Sports: အဖျက်ကြမ်းသည့် ပြိုင်ဘက်ဘောလုံးသမားကို ဘောင်းဘီဆွဲချွတ်ခဲ့သည့် တိုက်စစ်မှူး ဇစ်ကို

ဘောင်းဘီချွတ်သူရော ဘောင်းဘီအချွတ်ခံရသူပါ အနီကတ်ပြခံလိုက်ရပါတယ်။

play

 

ဘော်စနီးယားအသင်းနဲ့ ဂရိအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဘော်စနီးယားအသင်းခေါင်းဆောင် ဇစ်ကိုက ပြိုင်ဘက်ကစားသမားကို မဖွယ်မရာ ပြုလုပ်ခဲ့တာကြောင့် အနီကတ်ပြခံရပြီး အထုတ်ခံလိုက်ရပါတယ်။

play

 

ဘော်စနီးယားအသင်းက ဂရိအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရနေတဲ့ အချိန်မှာ တိုက်စစ်မှူး ဇစ်ကိုဟာ ထောင့်ကန်ဘော ဧရိယာနားမှာ ပြင်းပြင်းထန်ထန် ဖျက်ထုတ်ခံလိုက်ရပါတယ်။ ဂရိအသင်း နောက်ခံကစားသမား ပါပါဒိုပူးလော့စ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဇစ်ကိုဟာ လဲကျသွားပြီး ပြိုင်ဘက်ရဲ့ ခြေထောက်အောက်ကို ရောက်သွားခဲ့ပါတယ်။

 

ဒါကိုမကျေမနပ်ဖြစ်သွားတဲ့ ဇစ်ကိုက ပါပါဒိုပူးလော့်စရဲ့ ခြေထောက်ကိုအတင်ဆွဲထားပြီး ဘောင်းဘီကိုပါ ဆွဲချွတ်ပစ်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် စကားသမား နှစ်ဦးအချင်းများ ရန်ဖြစ်ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင် အဲရစ်ဆင်က အဆိုပါ ကစားသမားနှစ်ဦးလုံးကို အနီကတ်ပြပြီး ထုတ်ပယ်လိုက်တဲ့နောက်ပိုင်း ဂရိအသင်းက ချေပဂိုးပြန်ရကာ သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။

play

 

မန်စီးတီးကစားသမားဟောင်းဖြစ်တဲ့ ဇစ်ကိုဟာ အခုတော့ ရိုးမားအသင်းမှာ ကစားနေသူဖြစ်ပါတယ။်

Source : Daily Mial

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ