International Sports: တစ်နှစ် ယူရိုငွေ သန်းတစ်ရာကျော် ရရှိသည့် ပထမဆုံး ဘီလျံနာ ဘောလုံးသမား ရော်နယ်ဒိုဖြစ်လာ

ရက်ပိုင်းအတွင်း ချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်နှစ်ခုက ရော်နယ်ဒိုကို ဝင်ငွေတွေ တိုးလာစေခဲ့တာဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ရော်နယ်ဒိုဟာ တန်ဖိုးကြီးမားလှတဲ့ စာချုပ်သစ်နှစ်ခုကို ရက်ပိုင်းအတွင် ဆက်တိုက်ချုပ်ဆိုခဲ့ပြီးနောက် တစ်နှစ်ကို ယူရိုငွေ သန်း ၁၀၀ ကျော်ရတဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။

play

 

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ငါးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အသင်းက တစ်ပတ်ကို ပေါင် ငါးသိန်းလစာငွေ ရရှိမယ်လို့ သိရပါတယ်။ ဒါဟာ ဘောလုံးသမားတွေထဲမှာ အများဆုံး ပမာဏပါ။ တစ်ပတ်ကို လစာငွေ ပေါင်ငါးသိန်း ဝင်ငွေရှိနေတဲ့အပြင် အားကစားကုမ္ပဏီ Nike နဲ့လည်း ဘဝတစ်သက်သာ သဘောတူညီမှု စပွန်ဆာ စာချုပ်ကို ချုပ်ဆိုခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ ဝင်ငွေဟာ အလွန်များပြားလာတာ ဖြစ်ပါတယ်။

play

 

အားကစားအမှတ်တံဆိပ်ကုမ္ပဏီ Nike က ရော်နယ်ဒိုကို တစ်သက်တာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်လို့ အနည်းဆုံး ဒေါ်လာ ၁ ဘီလျံ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုအဓိက ဝင်ငွေနှစ်ခုအပြင် ရော်နယ်ဒိုက ကိုယ်ပိုင်အမှတ်တံဆိပ် အတွင်းခံတွေ၊ စောင်တွေ၊ ကြံ့ခိုင်ရေးအထောက်အကူပြု ပစ္စည်းတွေနဲ့ ခေါင်းလျှော်ရည် ရောင်းရငွေတွေအပြင် ဟိုတယ်ဝင်ငွေလည်း ရှိနေပါသေးတယ်။

play

 

ဘောလုံးလောကမှာ တစ်နှစ်ကို ယူရိုသန်းတစ်ရာကျော် ဝင်ငွေရှိတဲ့ ဘီလျံနာ ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ