International Sports: ဘရာဇီးလက်ရွေးစင်များ စောစောပြန်လာရန် ချယ်လ်ဆီး၊ လီဗာပူးနှင့် မန်စီးတီး လေယာဉ်စရိတ် ကျခံရမည်

သုံးသင်းပေါင်းကို လေယာဉ်စင်းလုံးငှားခ ဒေါ်လာ တစ်သိန်းနှစ်သောင်းလောက် ကျခံရမှာဖြစ်ပါတယ်။

play

 

ဘရာဇီးအသင်းကစားသမား သုံးဦးကို နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးလို့ ကလပ်အသင်းထံ ပြန်ခေါ်တဲ့အခါ လေယာဉ်ခ အညီအမျှကျခံဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းသုံးသင်းက သဘောတူလိုက်ပါတယ်။

play

 

ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူး၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းက ကစားသမားအချို့ကို ဘရာဇီးအသင်းပွဲစဉ်အတွက် စေလွှတ်ထားရတာဖြစ်ပြီး ဘရာဇီး ဗုဒ္ဓဟူးနေ့မှာ ပီရူးနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လာမယ့်တစ်ပတ် ပွဲစဉ်တွေမတိုခင် အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း စေလွှတ်ကာ ကစားသမားတွေကို ခပ်စောစော ပြန်ခေါ်ယူရမှာဖြစ်ပါတယ်။

play

 

ဒီအတွက် ဂျက်လေယာဉ် စင်းလုံးငှားခ ဒေါ်လာ တစ်သိန်းနှစ်သောင်းနီးပါး ကျသင့်မှာဖြစ်ပြီး လီဗာပူး၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့က ကျခံရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက ဒီနှစ်ဘောလုံးရာသီမှာ တိုက်စစ်အတွက် အရေးပါတဲ့ ကော်တင်ဟိုနဲ့ ဖာမီနိုကို ဘရာဇီးအသင်းအတွက် စေလွှတ်ထားရပါတယ်။

play

 

မန်စီးတီးက ဖာနန်ဒင်ဟိုနဲ့ ချယ်လ်ဆီးက ဝီလျံတို့ကွင်းလယ်အတွဲလည်း ပါဝင်နေပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်း ကစားမယ့် ဘရာဇီးနဲ့ ပီရူးပွဲစဉ်အပြီး နောက်ထပ်တစ်ရက် နောက်မကျစေပဲ အသင်းကို ပြန်ရောက်လာဖို့အတွက် ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးတို့က ဒေါ်လာ တစ်သိန်းနှစ်သောင်းခန့်ကို ခွဲဝေကျခံရမှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ