International Sports: ဘာစီလိုနာ စာချုပ်သစ် ကမ်းလှမ်းမှုကို မက်ဆီ ဘာကြောင့် ငြင်းပယ်ခဲ့သလဲ

မက်ဆီက ဘာစီလိုနာနဲ့ စာချုပ်ထပ်မချုပ်တော့ဘူးလို့ ငြင်းဆန်ထားပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ကမ္ဘာ့အကောင်းဆုံးဆု ငါးကြိမ်ရ ဘောလုံးသမား လီယိုနယ်မက်ဆီက ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။

ဘာစီလိုနာ ကစားသမား မက်ဆီရဲ့ အခွန်အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း တရားရုံးက ထောင်ဒဏ် ၂၁ လ ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်ဥပဒေအရ ထောင်ဒစ် ၂ နှစ်အောက် အမိန့်တွေကို ဒဏ်ကြေးငွေပေးဆောင်ပြီး ထောင်ဒဏ်ကို ရှောင်လွှဲခွင့်ရှိလို့ မက်ဆီဟာ အပြင်မှာ ဆက်ရှိနေခဲ့တာပါ။

play

 

အဲဒီနောက်ပိုင်း ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဇူလိုင်လမှာ မက်ဆီကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် မက်ဆီက ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သစ် ထပ်မချုပ်ချင်ကြောင်းကို မက်ဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖခင်ဖြစ်သူတို့ကတဆင့် ဘာစီလိုနာအသင်းထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ မက်ဆီဟာ မိသားစုနဲ့ အားလပ်ရက်ထွက်နေတုန်း ဒီလိုအကြောင်းပြန်ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။ ဘာစီလိုနာက မက်ဆီကို ၂၀၁၈ ခုနှစ်အထိသာ စာချုပ်ချုပ်ဆိုထားတာပါ။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ