International Sports: အာဂျင်တီးနားအတွက် သုံးဂိုးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီ

ဒီနိုင်ပွဲကြောင့် အာဂျင်တီးနား ကမ္ဘာ့ဖလား ခြေစစ်ပွဲမျှော်လင့်ချက် ပြန်ရှင်သန်လာပါတယ်။

play

 

ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မက်ဆီရဲ့ ဦးဆောင်မှုနဲ့ အာဂျင်တီးနားအသင်းက ကိုလံဘီယာအသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီနိုင်ပွဲကြောင့် အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် ပြန်ရှိလာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက ပွဲချိန် ၁၀ မိနစ်မှာတင် အသင်းခေါင်းဆောင် မက်ဆီရဲ့ ဖရီးကစ်ကတစ်ဆင့် အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ဒါ့အပြင်  လူးကပ်စ်ပရက်တို ခေါင်းတိုက်သွင်းနိုင်အောင် ၂၃ မိနစ်မှာလည်း မက်ဆီက ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ပထမပိုင်းမှာ ကိုလံဘီယာအသင်းအတွက် တိုက်စစ်မှူး ဖယ်လ်ကာအို ဂိုးသွင်းခွင့် နှစ်ကြိမ်ခန့် ရခဲ့သေးပေမဲ့ ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့လို့ ချေပဂိုး မရခဲ့တာပါ။

 

နောက်တစ်ခါ ဒုတိပိုင်း ပွဲပြီးခါနီးမှာ ကိုလံဘီယာ နောက်ခံလူ အမှားကတစ်ဆင့် မက်ဆီ ဘောလုံးဆွဲယူပြေးပြီး ဒီမာရီယာကို ထိုးပေးခဲ့လို့ ဒီမာရီယာ အသာအယာ သွင်းယူနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အာဂျင်တီးနားဟာ ကိုလံဘီယာရဲ့အပေါ်ကို တက်လှမ်းလာခဲ့ပြီး ခြေစစ်ပွဲအတွက် မျှော်လင့်ချက် ပြန်တောက်ပလာခဲ့ပါတယ်။

play

 

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ