International Sports: ဘာစီလိုနာက ထွက်ရင် မက်ဆီရောက်လာဖွယ် ရှိတဲ့ အသင်း (၆) သင်း

ဘာစီလိနာနဲ့ မက်ဆီဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

play

 

ဒီရက်ပိုင်း ဘောလုံးလောက အပြောင်းအရွှေ့သတင်းတွေထဲမှာ အလှုပ်ခပ်ဆုံးက မက်ဆီရဲ့အပြောင်းအရွှေ့ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးပေမဲ့ ဘာစီလိုနာနဲ့စာချုပ်သစ် ထပ်ချုပ်ဖို့ မက်ဆီက ငြင်းဆန်ထားတယ်လို့ဆိုပြီး အချို့သတင်းတွေကလည်း ဒီသတင်းဟာ မဟုတ်သေးကြောင်း ပြန်လည်ရေးသားထားကြပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကို၂၀၁၈ ခုနှစ်အထိသာ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်သက်တမ်းမတိုးနိုင်ဖြစ်နေဆဲပါ။ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်သွားတဲ့အခါ ဒါမှမဟုတ် မက်ဆီ ဘာစီလိုနာက ထွက်ခွာတဲ့အခါ မက်ဆီကို ခေါ်ယူဖွယ်ရှိတဲ့ အသင်း (၆) သင်းရှိပါတယ်။

၁။ ရီးရဲလ်မက်ဒရစ်

play

 

အံ့သြစရာတော့မဟုတ်ပါဘူး။ လူးဝစ္စဖီဂိုတုန်းကလည်း ဘာစီလိုနာကနေ ရီးရဲလ်မက်ဒရစ်ကိုပြောင်းခဲ့သေးတာပါပဲ။ ရီးရဲလ်မက်ဒရစ်ဟာ မက်ဆီကို ဘာစီလိုနာအသင်းထံက ခေါ်ယူဖို့ သုံးကြိမ်ထက်မနည်းကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

၂။ နယူးဝဲလ်အိုးဘွိုင်းစ်

play

 

ဒါဟာ မက်ဆီဆိုတဲ့ ကစားသမားဖြစ်ပေါ်လာစေတဲ့ အာဂျင်တီးနားဘောလုံးအသင်းနာမည်ဖြစ်ပါတယ်။ ဘောလုံးသမားဘဝကို အဲဒီအသင်းမှာ အဆုံးသတ်ချင်တယ်လို့ မက်ဆီလည်း ပြောထားဖူးပါတယ်။ အခုလောလောဆယ်ဆိုရင်တော့ ဖြစ်နိုင်ချေ နည်းနေပါသေးတယ်။

၃။ ချယ်လ်ဆီး

play

 

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတုန်းကတောင် မက်ဆီကို ခေါ်ယူဖို့ ချယ်လ်ဆီးထပ်ပြီး ကြိုးပမ်းခဲ့ပါသေးတယ်။ မက်ဆီနဲ့ သူ့ရဲ့ဖခင်တို့ဟာ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျရဲ့ ရွက်လှေပေါ်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

၎။ မန်ယူ

play

 

ဖာဂူဆန်ခေတ်လွန် နှစ်တွေမှာ မန်ယူအသင်းရဲ့ ပေါ်လစီဟာ ပြောင်းလဲလာပါတယ်။ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ဈေးကြီးပေးပြီး ခေါ်ယူမှုတွေဆက်တိုက်ပြုလုပ်လာခဲ့ပြီး နေမာကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ မန်ယူအသင်းဟာ ဘဏ္ဍာရေး တောင့်တင်းနေတဲ့ အပြင် မက်ဆီရဲ့အဓိကစပွန်ဆာ Adidas နဲ့လည်း အဆက်အဆံကောင်းတွေ ရှိနေတဲ့အတွက် ဖြစ်လာနိုင်ချေရှိနေပါတယ်။

၅။ ပီအက်စ်ဂျီ

play

 

အခြားအသင်းတွေနဲ့ ငွေကြေးအရ သုံးစွဲမှုမှာတော့ ပီအက်စ်ဂျီကို အခြားအသင်းတွေ ယှဉ်ဖို့ မလွယ်ပါဘူး။ ပီအက်စ်ဂျီကလည်း အီဗရာဟီမိုဗစ်ခ်ျကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မက်ဆီလိုကစားသမားမျိုးကိုခေါ်ယူဖို့ ပိုပြီးကြိုးစားလာပါတယ်။ အဓိက

အကြောင်းပြချက်ကတော့ ဥရောပအောင်မြင်မှု ရရှိဖို့ ဖြစ်ပါတယ်။

၆။ မန်စီးတီး

play

 

မန်စီးတီးကို မက်ဆီရောက်လာဖို့ တစ်ခုတည်းသော အဓိကအကြောင်းပြချက်က ဂွါဒီယိုလာ ဖြစ်ပါတယ်။ ဂွါဒီယိုလာအပြင် မက်ဆီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ဘာစီလိုနာ ဒါရိုက်တာဟောင်း ဆိုရီယာနိုကလည်း မန်စီးတီးမှာ အမှုဆောင်ချုပ်ဖြစ်နေပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ