International Sports: မက်ဆီ၏ ဇနီးသည်နှင့် ချစ်တင်းနှောသည့် ကိစ္စကိုပါ ဂွါဒီယိုလာ ဝင်ရောက်စွက်ဖက်ခဲ့

မက်ဆီရဲ့ ခြေစွမ်းကောင်းမွန်စေဖို့ အိမ်ထောင်ရေးကိစ္စကိုပါ နည်းပြဂွါဒီယိုလာက ဝင်ရောက်ထိန်းချုပ်ခဲ့တာပါ။

play

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ အသင်းကစားသမားတွေရဲ့ ပြင်ပလိင်မှုဆိုင်ရာ ကိစ္စတွေကိုပါ ထိန်းချုပ်တတ်သူဖြစ်ကြောင်း ဆီဗီးလ်အသင်းကို အငှားချထားခြင်း ခံရတဲ့ မန်စီးတီး ကစားသမား နာဆရီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ ရှိခဲ့စဉ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ငါးကြိမ်ရထားတဲ့ မက်ဆီရဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေကိုတောင် ဝင်ရောက်စွက်ဖက် ထိန်းချုပ်ခဲ့သူလို့ သိရပါတယ်။ စပိန် ရုပ်သံသတင်းဌာနက L'Equipe နဲ့တွေ့ဆုံမေးမြန်ခန်းမှာ နာဆရီက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ သူ့အသင်းရဲ့ ကစားသမားတွေကို လက်တွဲဖော်နဲ့ ချစ်တင်းနှောမယ်ဆိုရင် ညသန်းခေါင်ယံ မတိုင်ခင် ချစ်တင်းနှောကြဖို့ အမိန့်ပေးထားကြောင်း သိရပါတယ်။

play

 

" သူ့ကစားသမားတွေအားလုံးဟာ ညသန်းခေါင်ယံ မတိုင်ခင် လိင်ဆက်ဆံကြဖို့ ညွှန်ကြားချက် ရှိပါတယ်။ ကောင်းကောင်း အိပ်စက်နိုင်ဖို့အတွက်ပါ။ မနက်ဖြန်က အားလပ်ရက်ဆိုရင်တောင်မှ ဒီညွှန်ကြားချက်ကို လိုက်နာရပါတယ်။ မက်ဆီဆိုရင် သူ့ရဲ့ကြွက်သားတွေ ပိုပြီးသန်မာလာဖို့ ဂွါဒီယိုလာက ဒီလိုညွှန်ကြားထားပါတယ်" လို့ နာဆရီက ပြောခဲ့တာပါ။

play

 

အားလပ်ရက်က ပြန်လာပြီး ပုံမှန်ထက် ကိုယ်အလေးချိန်တိုးလာတဲ့ ကစားသမားတွေကိုလည်း ဂွါဒီယိုလာက လက်မခံဘူးလို့ဆိုပါတယ်။ ဒီလို ဝလာပြီဆိုရင် ဂွါဒီယိုလာက " မင်းဟာ မန်စီးတီးကစားသမားတစ်ဦးမှာရှိရမယ့် အရည်အသွေး မရှိဘူး " လို့ ပြောဖူးကြောင်း နာဆရီက ပြောကြားခဲ့တာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ