International Sports: ဂျပန်အွန်လိုင်းရှော့ပင်း ကုမ္ပဏီနဲ့ ဂျာစီစပွန်ဆာ စာချုပ် ချုပ်ဆိုလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းက တစ်နှစ်ကို ပေါင်သန်း ၅၀ ကျော်ရရှိမှာ ဖြစ်ပါတယ်။

play

 

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းဈေးဝယ်ကုမ္ပဏီ Rakuten နဲ့ ဂျာစီစပွန်ဆာ စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

play

 

လေးနှစ်သဘောတူညီမှု စာချုပ်ချုပ်ဆိုလိုက်တဲ့အတွက် ဂျပန်အွန်လိုင်းဈေးဝယ်ကုမ္ပဏီထံက ဘာစီလိုနာအသင်းဟာ ပေါင်သန်း ၄၀၀ ခန့်ရရှိမှာ ဖြစ်ပါတယ်။ Rukuten ကုမ္ပဏီဟာ ဘာစီလိုအသင်းကို စပွန်ဆာပေးဖို့ သဘောတူညီမှု မရခင် မန်ချက်စတာအသင်းကို စပွန်ဆာပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းကို အနီရောင်အောက်ခံ ဂျာစီဝတ်ဆင်ဖို့ Rakuten ဘက်က တောင်းဆိုခဲ့တာကြောင့် သဘောတူညီမှု မရခဲ့တာဖြစ်ပါတယ်။

play

 

စပွန်ဆာ သဘောတူညီမှု စာချုပ်အရ ဘာစီလိုအသင်းဟာ အဆိုပါ ဂျပန်အွန်လိုင်းဈေးဝယ်ကုမ္ပဏီထံက တစ်နှစ်ကို ပေါင် ၅၃ သန်းခန့် ရရှိမှာဖြစ်ပြီး ကလပ်အသင်းရဲ့ အောင်မြင်မှုကိုလိုက်ကာ ပေါင် ငါးသန်းခန့် အပိုကြေး ရရှိဦးမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်က စလို့ ဘာစီလိုနာအသင်းဂျာစီပေါ်မှာ Rakuten အမှတ်တံဆိပ်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ