International Sports: ချီလီ ၃-၁ ဥရုဂွေးပွဲစဉ်အပြီး ပရိသတ်ကို လက်ခလယ် ထောင်ပြခဲ့သည့် ဆွာရက်ဇ်

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ချီလီကို ရှုံးပြီးတဲ့နောက် ဆွာရက်ဇ်က ခံစားချက်ကို မထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ချီလီအသင်းကို ဥရုဂွေးက ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အငြင်းပွားဖွယ် လုပ်ရပ်တစ်ခုကို လုပ်လိုက်ပြန်ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အိမ်ရှင်ချီလီအသင်းက ဆန်းချက်ဇ်ရဲ့ဂိုးအပါအဝင် ဆွာရက်ဇ်ရဲ့ ဥရုဂွေးအသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ သေချာသွားခဲ့တာပါ။

play

 

ပွဲပြီးဆုံးခါနီးမှာ အိမ်ရှင် ချီလီအသင်း ပရိသတ်အချို့က ပွဲကြည့်စင်ပေါ်ကနေ တိုက်စစ်မှူး ဆွာရက်ဇ်ကို ပစ်မှတ်ထားကာ အော်ဟစ်ကြိမ်းမောင်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားခဲ့တဲ့ ဆွာရက်ဇ်ဟာ အိမ်ရှင် ပရိသတ်တွေဘက်က ရည်ရွယ်ပြီး လက်ခလယ် ပြန်ထောင်ပြလိုက်တာ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ဆွာရက်ဇ်ရဲ့ လက်အမူအရာဟာ လက်ခလယ် ထောင်ပြတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုနိုင်တဲ့အနေအထားမှာရှိပြီး လက်က တည့်တည့်မတ်မတ် ထောင်ထားခဲ့တာမဟုတ်ပါဘူး။ ချီလီသတင်းစာ La Cuarta က မျက်နှာဖုံးရှေ့မှာ ဒီဓာတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဆွာရက်ဇ်ရဲ့ ရိုင်းပြတဲ့ အပြုအမူကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆက်လက်စုံစမ်းသွားဖွယ် ရှိကြောင်း ဗြိတိန်သတင်းစာအချို့က ဖော်ပြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ