International Sports: ပြိုင်ဘက်ကို လက်သီးနဲ့ ထိုးဖို့ ရော်နယ်ဒို ကြိုးပမ်းခဲ့သလား

အသလက်တီကိုနဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းနိုင်ခဲ့သူပါ။

play

 

အသလက်တီကိုအသင်းကို ရီးရဲလ်မက်ဒရစ်က ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ရော်နယ်ုဒိုဟာ ပြိုင်ဘက်ကို လက်သီးနဲ့ ထိုးဖို့ လက်နဲ့ရွယ်လိုက်တယ်လို့ စွပ်စွဲခံနေရပါတယ်။

play

 

ရော်နယ်ဒိုနဲ့ အသလက်တီကိုကစားသမား ကိုကီတို့ အချင်းများခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုကြည့်ရှုပြီး အများစုက ဒီလိုသုံးသပ်နေကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုက ဂါရက်ဘေးလ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ ကိုကီနဲ့အပြိုင် ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ဘောလုံးကို ထိန်းနိုင်ခဲ့ပေမယ့် ဘေးချင်းကပ်နေတဲ့ ကိုကီကြောင့် ဟန်ချက်ပျက်သွားတဲ့အခါ ရော်နယ်ဒိုဟာ ဒေါသထွက်သွားခဲ့တာတွေ့ရပါတယ်။

play

 

ရုပ်သံမြင်ကွင်းထဲမှာတော့ ရော်နယ်ဒိုဟာ ကိုကီရှိရာဘက်ကို လက်သီးဆုတ်လျှက် ပြန်လှည့်လာခဲ့တာတွေ့ရပါတယ်။ ခေါင်းချင်းဆိုင် အချင်းများခဲ့တဲ့ သူတို့နှစ်ဦးလုံးကို ကွင်းလယ်ဒိုင်က အဝါကတ်ပြ သတိပေးခဲ့ရပါတယ်။

မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရော်နယ်ဒိုဟာ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး အသင်းကို ထိပ်ဆုံးမှာ ရှိနေအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Source : The Sun

၂၀၁၆ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒို ရမည် ထင်ပါသလား။»

  • 74,9% ရပါမည်။
  • 25,1% မရပါ။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ