International Sports: ဘာစီလိုနာနှင့် စာချုပ်သစ်ထပ်မချုပ်သည့် မက်ဆီကို မန်စီးတီး ကြားဖြတ်ခေါ်ရန် ကြိုးပမ်းနေ

မက်ဆီဟာ ၂၀၁၈ ခုနှစ်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ ဘာစီလိုနာ အသင်းကြယ်ပွင့်ကစားသမား မက်ဆီကို ပေါင်သန်း ၂၀၀ အထိအသုံးပြုပြီခေါ်ယူဖို့  ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းနည်းပြဟောင် ဂွါဒီယိုလာကို မန်စီးတီးအသင်းခေါ်ယူထားခြင်းက မက်ဆီကို ကမ်းလှမ်းဖို့အတွက် အားသာချက်တစ်ရပ်ဖြစ်နေတာပါ။ ၂၀၁၈ ခုနှစ်မှာ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကိုမက်ဆီက လက်မခံသေးတာကြောင့် မန်စီးတီးအတွက် အခွင့်အရေး ပိုရှိနေတယ်လို့ ဆိုပါတယ်။ မန်စီးတီး အသင်းက မက်ဆီရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၁၀၀ အ သုံးပြုမှာဖြစ်တဲ့အပြင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ငါးသိန်းနဲ့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

play

 

ပြောင်းရွှေ့ကြေးနဲ့ မက်ဆီရဲ့လုပ်ခလစာ စုစုပေါင်းအတွက် မန်စီးတီးက ပေါင်သန်းနှစ်ရာ အသုံးပြုမှာပါ။ ဘာစီလိုနာ အသင်းဟာ  မက်ဆီကို အခု စာချုပ်သစ် မချုပ်နိုင်ခဲ့ဘူးဆိုရင် နောက်နှစ်ရာသီ ကုန်ဆုံးတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာဖြစ်ပါတယ်။

play

 

မက်ဆီကို ပြောင်းရွှေ့ကြေး ပေါင် ၂၁၆၅ သန်းခန့်ပေးမှသာ ခေါ်ယူနိုင်မယ်လို့ စာချုပ်ထဲ ထည့်သွင်းထားပေမယ့် စာချုပ်ကုန်ဖို့ နီးကပ်လာတာကြောင့် မန်စီးတီးက ပေါင်သန်း ၁၀၀ ခန့်သ ပေးချေဖို့ ကြိုးစားနေတာဖြစ်ကြောင်း သိရပါတယ်။

Source : Mirror

မက်ဆီ ဘာစီလိုနာမှ ထွက်ခွာမည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ