International Sports: အသင်းတန်းဆင်းရပြီးနောက် ပရိသတ်များနှင့် ရန်ဖြစ်ခဲ့သည့် လာဆင်တို့သားအဖ

ဟယ်ဆင်ဘော့ဂ်အသင်း တန်းဆင်းရပြီးနောက် ဒေါသထွက်နေတဲ့ ပရိသတ်တွေဟာ ကွင်းအတွင်းဝင်ရောက်လာခဲ့တာပါ။

play

 

ဆွီဒင်အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ မန်ယူအသင်းကစားသမားဟောင်း လာဆင်နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဟယ်ဆင်ဘော့ဂ် အသင်းဟာ ရှုံးပွဲတွေ့ပြီးနောက် တန်းဆင်းခဲ့ရပါတယ်။ အသင်းတန်းဆင်းရလို့ ဒေါသထွက်သွားတဲ့ ပရိသတ်တွေဟာ နည်းပြလာဆင်ရဲ့ သားဖြစ်သူ အသင်းကစားသမား ဂျော်ဒန်ကို ထိုးကြိတ်ခဲ့ကြကြောင်း သိရပါတယ်။

play
ပရိသတ်များက ဂျော်ဒန်၏ အင်္ကျီကို ဝိုင်းချွတ်ဖို့ ကြိုးစားစဉ်

 

အဲဒီပွဲစဉ်မှာ ဟယ်ဆင်ဘော့ဂ်က ၁ ဂိုးအရင်သွင်းပေမဲ့ တစ်ဖက်က နှစ်ဂိုးပြန်သွင်းခဲ့တာကြောင့် တန်းဆင်းရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ ပွဲသိမ်းခရာမှုတ်ပြီးနောက် ဒေါသထွက်နေတဲ့ ဘောလုံးပရိသတ် လူရမ်းကားအချို့ဟာ မျက်နှာဖုံးစွပ်တွေ စွပ်ပြီး ကွင်းအတွင်း ဝင်ရောက်လာခဲ့ကြတာပါ။ အဲဒီနောက် ဂျောဒန်ကို လူရမ်းကားတွေက ဝိုင်းပြီး အသင်းဂျာစီချွတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

play

 

ဒီဖြစ်ရပ်ကို တွေ့သွားတဲ့ နည်းပြလာဆင်က ကွင်းအတွင်း ဝင်ရောက်ရမ်းကားနေတဲ့ ဘောလုံးလူဆိုးတွေကို ရင်ဆိုင်ဖို့ လက်ဝှေ့ဟန်ရေးပြကာ လူအုပ်အနား ရောက်သွားခဲ့တာကိုလည်းတွေ့ရပါတယ်။ ကွင်းအတွင်းမှာ အခြေအနေတွေ ရှုပ်ထွေးခဲ့ပြီး ပရိသတ်တွေဟာ ရဲတွေနဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သလို အချင်းချင်းလည်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ဟယ်ဆင်ဘော့ဂ်အသင်းဟာ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ