International Sports: လစာမရတဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက် ငွေစိုက်ထုတ်ပေးခဲ့တဲ့ မက်ဆီ

အသင်းဝန်ထမ်းတွေရဲ့ လစာပြဿနာကို မက်ဆီက ကူညီပေးခဲ့တာပါ။

play

 

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်ရုံသာမက သဘောကောင်းတဲ့ ဘောလုံးသမားဖြစ်တယ်ဆိုတာကို သက်သေပြတဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

အာဂျင်တီးနားအသင်းမှာ လစာငွေမရဖြစ်နေတဲ့ လုံခြုံရေးဝန်ထမ်းတွေကို အသင်းခေါင်းဆောင် မက်ဆီက လစာငွေ စိုက်ထုတ်ပေးချေခဲ့ကြောင်း သိရပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ဘဏ္ဍာရေးပြဿနာ ရင်ဆိုင်နေရတဲ့အတွက် အသင်းလုံခြုံရေးဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်းအချို့ကို လစာငွေ မပေးနိုင်တာ လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

play

 

အာဂျင်တီးနားနဲ့ ဘရာဇီးအသင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မတိုင်ခင်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာလို့ သိရပါတယ်။ ပွဲမကစားခင် အဝတ်လဲခန်းအတွင်း မက်ဆီရှိနေချိန်မှာ လုံခြုံရေးဝန်ထမ်း သုံးဦးက အခန်းတံခါး လာခေါက်ပြီး ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ " လီယိုရေ။ ကျွန်တော်တို့ ခင်ဗျားကို ပြောစရာရှိတယ်။ ကျွန်တော်တို့လစာမရတာ ငါးလ၊ ခြောက်လလောက်ရှိနေပြီ။ ခင်ဗျားက အသင်းခေါင်းဆောင်ဆိုတော့ ခင်ဗျားကိုပဲ အကူအညီတောင်းစရာ ရှိတယ်" လို့ လုံခြုံရေးဝန်ထမ်းအချို့ကပြောခဲ့ကြောင်း သိရပါတယ်။

play

 

အဲဒီနောက် မက်ဆီက သူ့ရဲ့ဖခင်ထံ ဖုန်းဆက်ပြောကြားခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေရဲ့ လစာငွေကို စိုက်ထုတ်ထားပေးဖို့ ကူညီခဲ့ကြောင်း ဂျာနယ်လစ်ဂျူအန်ပါလိုက ဖော်ထုတ်ခဲ့တာပါ။

Source : ESPN

၂၀၁၆ အကောင်းဆုံး ကစားသမားဆုကို မက်ဆီရသင့်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ