International Sports: မက်ဆီ၊ နေမာတို့နဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာက နေမာ၊ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ အတူရှိနေတာပါ။

play

 

ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုအဖြစ် ကမ္ဘာကျော် ကနေဒါအဆိုတော်ဟာ ဘာစီလိုနာအသင်းကစားသမားတွေနဲ့ လေ့ကျင့်ခန်း အတူဆင်းနေခဲ့ကြောင်း သိရပါတယ်။

play

 

ဂျက်က်စတင်ဘီဘာက ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်နေတာ ဖြစ်ပြီး စပိန်နိုင်ငံကို ရောက်ရှိနေခိုက် ဘာစီလိုနာအသင်း ကစားသမားတွေနဲ့ လေ့ကျင့်ခန်း ဆင်းခဲ့တာဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာနဲ့အတူ နေမာကို လေ့ကျင့်ခန်းဆင်းနေတာ တွေ့ခဲ့ရပြီး ဂျက်စတင်ဘီဘာက ပင်နယ်တီကန်သွင်းယူခဲ့တာတောင် တွေ့ရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဂျက်စတင်ဘီဘာရဲ့ဖြတ်တင်ပေးမှုတွေ၊ ဂိုးကန်သွင်းချက်တွေဟာ ထိပ်တန်းအဆင့်နီးနီးရှိနေတာကိုလည်း တွေ့ရတယ်လို့ မီဒီယာတွေက ချီးကျူးရေးသားကြပါတယ်။

play

 

ဂျက်စတင်ဘီဘာဟာ ယနေ့အင်္ဂါနေ့ညမှာ သူ့ရဲ့ဖျော်ဖြေပွဲကို မက်ဒရစ်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ သူ့ရဲ့သူငယ်ချင်း နေမာအပြင် မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့လည်း တွေ့ဆုံခဲ့သေးကြောင်း သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ