International Sports: မက်ဒရစ်ဒါဘီမှာ အပြန်အလှန် ဆဲဆိုခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ ကိုကီ

ရော်နယ်ဒိုကလည်း သူ့ကိုဆဲခဲ့တဲ့ ကိုကီကို ပြန်လည်ချေပခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ တစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုနဲ့ အသလက်တီကို ကစားသမား ကိုကီတို့ အချင်းများခဲ့ကြစဉ် ရော်နယ်ဒိုဟာ ဆဲရေးတိုင်းထွာမှု ခံလိုက်ရကြောင်း သိရပါတယ်။

play

 

သူတို့နှစ်ဦး အပြန်အလှန် ဆဲရေးခဲ့ကြတဲ့ စကားတွေကို စပိန် ရေဒီယိုသတင်းဌာနက Cadena Cope ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပွဲစဉ်အတွင်းမှာ ဘောလုံးယှဉ်လုရင်း စကားများခဲ့ကြတဲ့ သူတို့နှစ်ဦးလုံးကို ကွင်းလယ်ဒိုင်က အဝါကတ်ပြပြီး သတိပေးခဲ့ပါသေးတယ်။ နှစ်ဦးသား ခေါင်းချင်းဆိုင်နေကြတဲ့ အချိန်မှာ စပိန်လက်ရွေးစင် ကိုကီက ရော်နယ်ဒိုကို အရင်ဆဲရေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကိုကီက ရော်နယ်ဒိုကို "သောက်ခြောက်ကောင်" လို့ အရင်ဆဲရေးတိုင်းထွာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း " အေး မင်းထက်ချမ်းသာတဲ့ သောက်ခြောက်" လို့ အဓိပ္ပာယ်ရတဲ့ စကားမျိုး ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ