International Sports: အီဗရာဟီမိုဗစ်ခ်ျအတွက် ဂုဏ်ထူးဆောင် ရုပ်တုတစ်ခု ထားရှိပေးမည်

ဘောလုံးကွင်းပြင်ပမှာရှိမယ့် အီဗရာဟီမိုဗစ်ခ်ျရဲ့ ရုပ်တုကို မြင်ရတော့မှာ ဖြစ်ပါတယ်။

play

 

နိုင်ငံ့ဂုဏ်ဆောင် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချက်ကို ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုရုပ်တုတစ်ခု ထုလုပ်ပြီး ထားရှိသွားမယ်လို့သိရပါတယ်။

၂.၇ မီတာရှည်လျားမယ့် အဆိုပါရုပ်တုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းလ်မြို့က Friends Arena အားကစားကွင်းရှေ့မှာ ထားရှိသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ ဆွီဒင်နိုင်ငံရဲ့ အကောင်းဆုံးအားကစားသမားဆုကို အီဗရာဟီမိုဗစ်ခ်ျက ၁၁ ကြိမ်မြောက် ရရှိခဲ့ပြီးနောက် ဂုဏ်ပြုရုပ်တု ထားရှိပေးသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အီဗရာဟီမိုဗစ်ခ်ျဟာ နိုင်ငံအတွင်း အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ Golden Ball ဆုတံဆိပ်ကို ဆယ်နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ တိုက်စစ်မှူးဟာ ဆွီဒင်အတွက် ၁၁၄ ပွဲကစားပြီး ၆၂ ဂိုးသွင်းယူပေးခဲ့သူပါ။ " တကယ်ဖြစ်နေတဲ့ အရာမဟုတ်ဘူးလို့တောင်ခံစားရပါတယ်။ နိုင်ငံအသင်းအတွက် ၁၅ နှစ်၊ ပရော်ဖက်ရှင်နယ်ဘဝ နှစ်ပေါင်း ၂၀ လောက် ဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော့်ကို အသိအမှတ်ပြုပေးတယ်လို့ ခံစားရပါတယ်။ အချို့ကတော့ ဘာလို့ ဒီလူ့ကို ပေးတာလဲဆိုပြီး တွေးနေကြမှာပါ" လို့ အီဗရာဟီမိုဗစ်ခ်ျက ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။

play

 

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ပေးတဲ့အကောင်းဆုံးဆု ပေးအပ်ပွဲမှာ မိုဗစ်ခ်ျကို အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းကလည်း ဗီဒီယိုထဲကတစ်ဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ