International Sports: အာဂျင်တီးနားက ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှု ရဲများဝင်ရောက်ထိန်းသိမ်းခဲ့ရ

မန်ယူအသင်းကစားသမားဟောင်း တိဗက်ဇ်တို့ ပါဝင်ခဲ့တဲ့ ရန်ပွဲဖြစ်ပါတယ်။

play

 

အာဂျင်တီးနား ပြည်တွင်းအမှတ်ပေးဘောလုံးပြိုင်ပွဲဖြစ်တဲ့ ဘိုကာဂျူနီယာနဲ့ စင်ထရယ်ရိုဆာရီယိုအသင်းတို့ရဲ့ပွဲစဉ်ဟာ နှစ်ဖက်ကစားသမားတွေအချင်းများပြီး အကြမ်းဖက်ဖြိုခွင်းတဲ့  ရဲတပ်ဖွဲ့ပါ ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။

play

 

မန်ယူအသင်း ကစားသမားဟောင်း ကားလို့စ်တိဗက်ဇ်ပါဝင်တဲ့ဘိုကာဂျူနီယာအသင်းနဲ့ ရိုဆာရီယို အသင်းတို့ဟာ အဆိုပါပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတဲ့အတွက် အားကစားသမား မပီသတဲ့ လုပ်ရပ်ကို ကျူးလွန်မိခဲ့သူ ကစားသမားနှစ်ဦးကိုလည်း ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့ပါသေးတယ်။ ဘိုကာဂျူနီယာက ပွဲချိန် ၁၁ မိနစ်မှာ ဂိုးအရင်သွင်းခဲ့ပေမဲ့ နောက်ထပ်ပွဲချိန် ၁၇ မိနစ်မှာ စင်ထရယ်ရိုဆာရီယိုအတွက် ချေပဂိုးကို ပြန်သွင်းတဲ့အခါ စောဒကတက်ကြရင်း ရန်ပွဲဖြစ်သွားခဲ့ကြတာပါ။

 

အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဧည့်သည်အသင်းက သူတို့ရဲ့ချေပဂိုးအတွက် အောင်ပွဲသွားခံနေကြတဲ့အချိန်မှာ တိဗက်ဇ်ဦးဆောင်တဲ့ ဘိုကာဂျူနီယာကစားသမားတွေက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အသင်း ကစားသမားတွေ လုံးထွေးနေကြတဲ့ အချိန်မှာ ကွင်းလယ်ဒိုင်လည်း ဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် အကြမ်းဖက်ဖြိုခွင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် လူစုခွဲခဲ့ရတာဖြစ်ပါတယ်။ မန်ယူအသင်းကစားသမားဟောင်းဖြစ်တဲ့ တိဗက်ဇ်ဟာ ဒီရာသီမှာ ဘိုကာဂျူနီယာအသင်းအတွက် ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ခုနှစ်ပွဲမှာ တစ်ဂိုးသာသွင်းနိုင်ပါသေးတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ