International Sports: လက်စတာနောက်တစ်ဆင့်တက်သော်လည်း စပါးချန်ပီယံလိဂ် အုပ်စုအဆင့်က ထွက်ခဲ့ရ

လက်စတာကတော့ ရှုံးပွဲမရှိအသင်းအဖြစ် နောက်တစ်ဆင့် တက်နိုင်ခဲ့ပါပြီ။

play

 

ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်-၅ ကို ကစားခဲ့ကြပြီးတဲ့နောက်မှာ လက်စတာအသင်းက နိုင်ပွဲထပ်ရပြီး နောက်တစ်ဆင့် တက်ဖို့ သေချာခဲ့ပေမဲ့ စပါးအသင်းကတော့ အုပ်စုအဆင့်မှာတင် ကျန်နေရစ်ခဲ့ပြီဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီပွဲစဉ်မှာ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လက်စတာကတော့ ကလပ်ဘရက်ဂ်ကိုအနိုင်ရကာ ရှုံးပွဲမရှိအသင်းအဖြစ် နောက်တစ်ဆင့် တက်သွားခဲ့တာဖြစ်ပါတယ်။ ပွဲစပြီး ၁၁ မိနစ်မှာတင် မိုနာကိုအသင်းအတွက် ရခဲ့တဲ့ ပင်နယ်တီကို ဖယ်လ်ကာအို ကန်သွင်းယူခဲ့ပေမဲ့ ဂိုးသမား လိုရစ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ပြန်လည်စတင်ပြီး သုံးမိနစ်အကြာမှာ စပါးအသင်းအဖွင့်ဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။

play

 

ဖြတ်တင်ဘောကို မိုနာကို ကစားသမား ဆီဒစ်ဘ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရလို့ စပါးအသင်း ချက်ချင်းပြန်ဖိအားပေးကစားခဲ့ပြီး နောက်ထပ်လေးမိနစ်မှာအကြာမှာ ပင်နယ်တီပြစ်ဒဏ် ကန်ခွင့်ရသွားခဲ့ပါတယ်။

 

စပါးအသင်းအတွက် ပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်မရှိကန်သွင်းနိုင်ခဲ့လို့ ချေပဂိုး ရသွားခဲ့ပါတယ်။

play

 

ဒါပေမဲ့ စပါးရဲ့အပျော်ဟာ တစ်မိနစ်တောင် မခံခဲ့ပါဘူး။ မိုနာကိုအသင်းက ချက်ချင်းပြန်ဖိအားပေးခဲ့တာဖြစ်ပါတယ်။ ဆီဒစ်ဘ်က စပါးကစားသမား ရို့စ်ကိုကျော်ဖြတ်ပြီး ဖြတ်တင်လိုက်တဲ့ ဘောလုံးကို သောမတ်စ်က အနိမ့်ကန်ချက်နဲ့ ပိတ်သွင်းလိုက်လို့ မိုနာကို ဦးဆောင်သွားခဲ့တာဖြစ်ပါတယ်။

play

 

နောက်ပိုင်းမှာ မိုနာကိုအသင်းရဲ့ အလွတ်တည်ကန်ဘောတွေ၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေဟာ ဂိုးရလုနီးနီး ဖြစ်ခဲ့ပေမဲ့ စပါးအသင်းဂိုးသမား လိုရစ်ကာကွယ်ခဲ့လို့သာ ဂိုးထပ်မပေးရတော့တာပါ။ ဒီရှုံးပွဲကြောင့် စပါးအသင်းကတော့ ချန်ပီယံလိဂ်အုပ်စုဆင့်မှာ ကျန်နေရစ်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ